Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Tuesday 10 December 2013

ကန်ကြီးထောင့်မြို့နယ်ရေကာတာ အပေါ်မှ မီးကြိုးကို မြှင့်ပေးရန် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

 ကန်ကြီးထောင့်မြို့နယ် မန္တလေးကုန်း ရေကာတာ အပေါ်မှ ၆၆မဟာဓာတ်အား
လိုင်း လျှပ်စစ်မီးကြိုးမှာ အလွန်နိမ့်ပါသဖြင့် ရေကာတာကို မီးကြိုးအောက်တွင် နိမ့်ထား
ပါသည်။ထိုကြောင့် ရေကြီးချိန်တွင် ထိုနေရာ မှ ရေကျော်နိုင်ပါသဖြင့် လျှပ်စစ် မီးကြိုးကို ထောက်တိုင်ဖြင့် မြှင့်ပေးပြီး ရေကာတာကို အခြားနေရာနှင့်တညီထဲ မြေဖို့ ပေးပါရန် တင်ပြပါသည်။ ယခုနှစ် ရေကြီးချိန်က ဆည် မြောင်းဌာန မှ ရေကာတာကို စိတ်မချ၍ ရေ တံခါး အားလုံးဖွင့်ထားရာ လယ်သမားများ မိုးစပါးစိုက်ပျိုးရန် ပျိုးထောင်ထားသော် လည်း ရေမြုပ်ပါသဖြင့် မိုးစပါး စိုက်ပျိုး၍မရ ပါ။ထိုကြောင့် ယခုလို ပွင့်လင်းရာသီတွင်
ဆည်မြောင်းဌာနမှ ရေကာတာကို ခိုင်ခန့် အောင် ပြုလုပ်ပေးသင့်ပါသည်။
   စိုက်ပျိုးရေးဘဏ်သို့ လယ်ရေမြုပ်လယ် များအတွက် နွေစပါးစိုက်ပျိုးစာရိတ် ချေးငွေ နိုင်ငံတော်မှပေးသော်လည်း ယခုနှစ်တွင် လယ်သမားများအားယခင် နှစ်ကကဲ့သို့စိုက်  ပျိုးရေးဘဏ်မှ မပေးတော့ပါ။ရေမြုပ်လယ်သ မားများသည် မိုးစပါးစိုက်ပျိုးစာရိတ် ထုတ်ချေးစဉ်က ယခင် အကြွေးငွေကိုသာ မက အပြင်အတိုး၆ကျပ်နှုံးဖြင့် တလစာ ကို စိုက်ပျိုးရေးဘဏ်မှ ဖြတ်ထား၍ စိုက်ပျိုးရေးဘဏ်နှင့် လယ်သမားများ အကြွေး ကင်းရှင်းပါသည်။ ကန်ကြီးထောင့် မြို့နယ် လွှတ်တော် ကိုယ်စာလှယ်များမှ ရေ မြုပ် လယ်သမား နွေ စပါးစိုက်ပျိုးရာတွင် ငွေ ကြေး အခက်အခဲ ဖြစ်နေမှုကို လာရောက်ကြည့်ရှုပြီးကူညီပေးစေလို
ပါသည် ။
  ရေမြုပ်လယ်သမားများ

အမည်  ဦးဝင်းနိုင်
၁၄/ပသရနိုင်၀၀၃၃၄၆
ပျဉ်မငူ အုပ်စု လယ်သမား
ဖုန်း  ၀၉၂၅၀၄၄၃၃၅၇
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment