Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Sunday 8 December 2013

ဒစ်ဂျစ်တယ်မီတာ 32 အမ်ပီယာဘရိတ်ကာနှင့်အဝင်ဗို့အားပြဿနာ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ဒစ်ဂျစ်တယ်မီတာ 32 အမ်ပီယာဘရိတ်ကာနှင့် အဝင်ဗို့အားပြဿနာ
လျပ်စစ်ယူနစ်ပျောက်ဆုံးမှူနည်း
နိုင်သမျှနည်းပီးလျပ်စစ်ဓါတ်အားခိုးယူသုံးစွဲမှူများကိုလည်းကာကွယ်နိုင်သည့်ဒစ်ဂျစ်တယ်မီတာများကို လယ်ဝေး ပျဉ်းမနား နေပြည်တော် တောင်ငူ စသောမြို့ကြီးများတွင်တပ်ဆင်လျက်ရှိပါသည် ၎င်းဒစ်ဂျစ်တယ်မီတာတွင်32အမ်ပီယာဘရိတ်ကာတစ်ခုပါတွဲလျက်ပါရှိပါသည် ၎င်းဘရိတ်ကာမှာဝန်ပိုသုံးစွဲလျင်ဖြစ်ပေါ်လာနိုင်သောပျက်စီးဆုံးရှူံးမှူများကိုကာကွယ်နိုင်ရန်ဖြစ်ပါသည် စီမံချက်မှာကောင်းမွန်သော်လည်းပြည်သူအများမှာမနှစ်သက်ကြပါ အကြောင်းမှာဘရိတ်ကာများခဏခဏပြုတ်ကျနေ၍ဖြစ်ပါသည် ၎င်းမီတာနှင့်ဘရိတ်ကာမှာဓါတ်တိုင်ပေါ်တွင်တပ်ဆင်ထားခြင်းဖြစ်၍ လျပ်စစ်လိုင်းမင်းကိုအခကြေးငွေပေး၍သာပြန်တင်ခိုင်းရပါသည် ပြည်သူအများစုမှာဝန်ပိုမသုံးစွဲမိပါပဲလျက်နှင့်၎င်းဘရိတ်ကာပြုတ်ကျသောဒါဏ်ကိုအလူးအလဲခံနေရပေသည် အကြောင်းမှာအဝင်ဗို့နှင့်အမ်ပီယာမှာပြောင်းပြန်အချိုးဖြစ်ပါသည် အဝင်ဗို့အားနည်းနေလျှင်အမ်ပီယာများနေမည်ဖြစ်သည် သာမာန်မီးသုံးစွဲသူအများစုမှာအဝင်ဗို့အားနည်းသည့်အတွက်အမ်ပီယာများ၍ဘရိတ်ကာပြုတ်ရသည်ကိုနားမလည်ပါ လျပ်စစ်ဝန်ထမ်းများမှလည်းတိကျသောအဖြေမထုတ်နိုင်ပါ မြို့ပေါ်ရပ်ကွက်မှလွဲ၍ရပ်ကွက်တိုင်းလိုလိုအဝင်ဗို့အား ၁၀၀ အောက်တွင်သာရှိပါသည် ယခုနောက်ဆုံးတပ်ဆင်နေသောတောင်ငူမြို့ဇေယျာခင်ဦးရပ်ကွက်၌ဆိုလျင်အဝင်ဗို့အား၂၀ မျှသာရှိပါသည် ဒစ်ဂျစ်တယ်မီတာတပ်ဆင်မည်ဆီုလျင်လည်းအရင်ဆုံးမီးအားကောင်းအောင်ပြုလုပ်ပေးသင့်သည်ဟုမြို့သူမြို့သားများမှမျော်လင့်နေကြပါသည်

ပြည်သူတစ်ဦး

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment