Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Wednesday 18 December 2013

တာမိုးညဲကအထွေထွေကျောင်း >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်တာမိုးညဲမြို့ရပ်ကွက်၇ဟိုပုန်မူလွန်ကျောင်းမှကျောင်းအုပ်
ဆရာဦးသိန်းနိုင်စိုးသည်လုပ်ပိုင်ခွင့်ကိုအသုံးချ၍ကျောင်းရှိ၎င်းနှင့်အပေးအယူတည့်လျှင်တည့်သလို
မတည့်လျှင်မတည့်သလိုဆရာမများအားတွဲဘက်ဖြင့်အပြောင်းအလွှဲပြုလုပ်လျှက်ရှိပါသည်။
မူလွန်ကျောင်းဖြစ်သော်လည်း၎င်းကျောင်းသို့တာဝန်ကျနေသောပညာရေးကောလိပ်ဆင်း
လယ်ပြဆရာမတဦးနှင့်မူပြဆရာမတဦးကို၎င်းနှင်မြသင့်မြတ်ဟုဆိုကာအခြားရွာကျောင်းများ
သို့ပြောင်းရွှေ့တွဲစေပြီးအခြားတောရွာကျောင်းများမှ၎င်းနှင့်အပေးအယူတည့်သော
အထွေထွေနေ့စားဆရာမနှစ်ဦးအားမိမိကျောင်းသို့တွဲထားပါသည်။ထို့ကြောင့်၎င်း၏မူလွန်ကျောင်း
တွင်လယ်ပြဆရာတဦးမှမရှိပဲအထွေထွေနေ့စားသုံးဦးအထိရှိနေအောင်တွဲထားသည်မှာ
ရှက်စရာကောင်း၍ရပ်ကွက်အနေဖြင့်လည်းနှစ်နာလှပါသည်။၎င်းကိုယ်တိုင်မှာလည်းဆယ်တန်း
ပင်မအောင်ပဲအထွေထွေဘဝဖြင့်အပေးအယူတည့်ကာကျောင်းအုပ်ဖြစ်လာပြီးပညာရေးကောလိပ်
ဆင်းများကိုအထင်မကြီးပဲအပေးအယူတည့်သောအထွေထွေများကိုသာအရေးပေးကြောင်း
၎င်းကျောင်းရှိဆရာမများထံမှသိရပါသည်။ထို့ကြောင့်ဤသရုပ်ပြက်လှသောအပေးအယူ
အထွေထွေကျောင်းကြီးအားလာရောက်စစ်ဆေးစီမံပေးကြပါရန်ပညာရေးမှအကြီးအမှုးများ
အားမေတ္တာရပ်ခံအပ်ပါသည်။
ရပ်ကွက်၇ကျောင်းသားမိဘတဦး

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment