Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Wednesday 11 December 2013

ပဲခူးရိုးမတောင်ခြေ နိုင်ငံပိုင်သစ်တော တောပြုန်းတော့မည်အရေးမှအမြန်ဆုံးကာ ကွယ်ပေးစေလို >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

  ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်လက်ပံတန်းမြို့နယ်
(ကံတင်ဘီလင်းကြိုးဝိုင်း)
ပဲခူးရိုးမတောင်ခြေ သဘောင်္ဦး စလူစုံ ဆန်ဆေး နရွဲလည်တို နယ်နိုင်ငံပိုင်သစ်တော ဒေသခံ
ပြည်အများအားကိုးအားထားပြုနေရသည့် သစ်တောအတွင်း ပျဉ်းကတိုး အပါအ၀င် သစ်မာ သစ်ကောင်းများအားလွှဲစက်(hand saw) များဖြင့် ဖြက်တောက်၍ မီးသွေးလုပ်ငန်းလုပ်ကိုင်
နေသူ(၁၀)ဦးထက်မနည်းရှိနေသည့်အတွက် တောပြုန်းလုမခန်းဖြစ်နေပါသည်။
         သစ်တောအတွင်းရှိ သက်ရင့်သစ်ပင်ကြီးများသည်နှစ်(၇၀)မှနှစ်(၁၀၀)နီးပါးသက်တမ်း
၇ှိနေကျပြီ ထိုသစ်ပင်ကြီးများအားမီးသွေးဖိုထဲထည့်မီးသင်္ဂြိုလ်ဖြစ်နေသည်မှာ လွန်စွနှမျော
ဖို့ကောင်းလှပါသည်။မီးသွေးကောင်းအောင်အဓိကထားကြသဖြင့် သစ်မာပင်ဆိုလျှင်င်္ကြီးကြီး
သေးသေးခုတ်လှဲဖြက်တောက်၍ မီးရှို့ပစ်နေကြသဖြင့် အိမ်သုံးယာသုံးသစ်တစ်လုံးကိုခဲခဲယဉ်
ယဉ်ရှာဖွေသုံးဆွဲနေကြရသော ပြည်သူများနှင့်သဘာဝသစ်တောကိုအမှီသဟဲပြုနေကျသော
ကျေးငှက်တိရိစ္ဆာန်များပါတောတောင်သဘာဝလောကအလှကိုမဆင်နိုင်ပဲသောကနဲ့ဘ၀ကို
ရုန်းကန်နေကြရသည်မှာ ကချင်စစ်ပွဲထက်ပငိဆိုးနေတော့သည်
           တစ်ဖက်ကမ်းဖြို၍ တစ်ဖက်သောင်ထွန်းလျှင် ဖြေနိုင်သေးသည်။နိုင်ငံပိုင်သစ်တော၏
အဖိုးမဖြတ်နိုင်သောတန်ဖိုးများလည်းဆုံးရှုံးပြည်သူများလည်းအကျိုးမရှိ ထိုလူစုရရှိသည့်
မီးသွေးလုပ်ငန်း၏ ၀င်ငွေတန်ဖိုးနှင့်သစ်တော၏တန်ဖိုးသည်လည်းလွန်စွာမှကွာခြားလွန်းလှ
သည်။သစ်မာသစ်ရိုင်းတစ်တန်လျှင်ဒေသပေါက်ဈေး(၃)သိန်းမှ(၄)သိန်းအထိရှိသည်။အဆိုပါ
သစ်တစ်တန်ကိုမီးသွေးဖုတ်လျှင် မီးသွေး(၇)အိတ်သာခန့်သာရရှိနိုင်သည်။မီးသွေးတစ်အိတ်
လျှင်(၂၅၀၀ ၊၃၀၀၀)ခန့်သာတန်ဖိုးရှိသည်။သစ်တန်တစ်တန်၏တန်ဖိုးသည်(၂၀၀၀၀)ကျပ်မျှ
သာရရှိပေတော့မည်။ထိုမီးသွေးဖိုများမှာတစ်နေ့လျှင်မီးသွေးအိတ်(၃၀၀)ဆန် ကားစီးရေ
(၁၀)စီးခန့်နေစဉ်ထွက်သည်။ကားတစ်စီးရှိ မီးသွေး၏တန်ဖိုးမှာ(၇)သိန်းခန့်သာရှိပြီးဆုံးရှုံးသွား
သောသစ်တော၏တန်ဖိုးမှာသိန်း(၂၀)ခန့်ရှိသည်။တစ်နေ့လျှင်သစ်တောအတွင်းခုတ်လှဲမီးရှို့ပစ်
နေသောနိုင်ငံပိုင်သစ်တော၏ဆုံးရှုံးမှုမှာ သိန်း(၂၀၀)ခန့်ရှိနေပြီး အဆိုပါလူတစ်စု၏မီးသွေး
လုပ်ငန်းဝင်ငွေမှာသိန်း(၇၀)ခန့်သာရရှိနိုင်သည်။
            ထို့အတွက်နိုင်ငံပိုင်သစ်တောမှာတန်ဖိုးကြီးစွာပျက်စီးဆုံးရှုံးရပြီး ပြည်သူများလည်း
အကျိုးမရှိစေပဲ တစ်နေ့လျှင်သစ်တန်ပေါင်း(၅၀၀)ခန့်ဖြုန်းတီးခံနေရသောပဲခူးရိုးမတောင်ခြေ
၏အနိဠာရုံအားသေခံတာဝန်ရှိပုဂ္ဂိုလ်များ တကယ်ပဲမသိခဲ့ပါဟုဆိုလျှင်သိစေချင်သောစေတနာ
ဖြင့်ရေးသားဖော်ပြရင်း ပဲခူးရိုးမတောပြုန်းတော့မည့်အရေးဝိုင်းဝန်ကာကွယ်ပေးကြပါလို့
ဆန္ဒပြုအပ်ပါသည်။

ပြည်သူတစ်ဦး

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  

No comments:

Post a Comment