Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday 5 December 2013

ကလောမြို့နယ်၊ဟဲဟိုးကျေးရွာအုပ်စု၊ကျောက်ကုန်းကျေးရွာမှရာအိမ်မှုးနှင့်ဆယ်အိမ်မှုး ၃ ယောက်အားအရေးယူပေးပါရန် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

တန်ဖိုးနည်းဆင်းကတ်များအားနိင်ငံတော်အစိုးရမှပြည်သူများအသုံးပြုနိုင်ရန် ဧပြီလမှစတင်ကာ လစဉ်အလုံးရေကန့်
သတ်ချက်ဖြင့်ချပေးလျှက်ရှိရာ ကျွန်တော်
တို့ကျေးရွာတွင် နှစ်ကြိမ်သာရက်ကွက်ထဲ
တွင်ပွင့်လင်းမြင်သာစွာမဲနိုက်ရသော်
လည်းအောက်တိုဘာလနှင့်ယခုလတွင်
ကျောက်ကုန်းကျေးရွာနှင့် ၅ မိုင်ခန့်ဝေး
သောဟဲဟိုးကျေးရွာအုပ်ချုပ်ရေးမှုးရုံးတွင်
မဲနိုက်ရမည်ဟုဆိုကာဟဲဟိုးသို့သွားပါ
သည်။အောက်တိုဘာလတွင်ရာအိမ်မှုး၏
ညီနှင့်တူ   နှစ်ယောက်ပေါက်ပါသည်။
ယခုလတွင်ရာအိမ်မှုးနှင့်အတူဆယ်အိမ်မှုး
၃ ယောက်လိုက်ပါသွားရာ ထိုဆယ်အိမ်မှုး
၃ ယောက်မဲပေါက်သည်ဟုဆိုကာဆင်း
ကတ်သုံးကတ်ရလေသည်။ ကျွန်တော်တို့ကျေးရွာသားများသည်ဟဲဟိုးသို့လိုက်ချင်သော်လည်းစားဝတ်နေရေး
အတွက် မနက်မှ မိုးချုပ်သည်အထိတော
ထဲသို့အလုပ်သွားရ၍မလိုက်နိုင်ကြပါ။
နောက်မှသိရသည်မှာရာအိမ်မှုးမှဆယ်
အိမ်မှုးတယောက်စီအားငွေကျပ်၂၀၀၀၀
စီတောင်း၍ရွာထဲမှအခြားသူပေါက်သော
ဆင်းကတ်အားထိုဆယ်အိမ်မှုးတို့ကိုပေးသည်ဟုသိရပါသည်။ထိုငွေကျပ်၂၀၀၀၀
မှာလည်းနာမည်ပြောင်းရသည့်အတွက်
ရယက စာရေးမ မခင်စိုးဝေအားလည်း
ထိုထဲမှပေးရမည်ဟုပြောလေသည်။
ထိုအကြောင်းကိုဆင်းကတ်ရသောဆယ်
အိမ်မှုးဥိးကြည်စိုးမှငွေကျပ်နှစ်သောင်း
မပေးပဲ ၅၀၀၀ သာပေး၍ရာအိမ်မှုး
ကတော်မှမကျေနပ်၍ပြောရာမှ အဖြစ်မှန်
ကိုသိရတာဖြစ်ပါတယ်။တကယ်မဲပေါက်
သောသူကမရဘဲရာအိမ်မှုးနှင့်ဆယ်အိမ်မှုးများမှထိုကဲ့သို့မမှန်မကန်အလွဲသုံးစားပြု
လုပ်နေခြင်းကိုသက်ဆိုင်ရာမှဖြေရှင်းပေးပါရန်အသိပေးပန်ကြားအပ်ပါသည်ခင်ဗျ။
၁။ဦးပိုင်(ရာအိမ်မှုး)
၂။ဦးကျော်ဆန်း(ဆယ်အိမ်မှုး)
၃။ဦးကြည်စိုး(     ။       )
၎။ဦးအောင်အောင်(    ။     )
    ပေးပို့သူ
    ..............                 ကျောက်ကုန်းကျေးရွာသားများ

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment