Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Wednesday 18 December 2013

အယ်ဒီတာထံမှတဆင့် မြန်မာ့အားကစားသမားများသို့ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ယခု Sea Game ပြိုင်ပွဲမှာ မြန်မာအားကစားသမားများ၏ အရည်အသွေးမှာ ပြိုင်ဘက်အသင်းများအောက်တွင် ရှိမ နေသည်မှာသေချာပါသည်။ နိုင်ငံခြားသားဒိုင်များ၊ နည်းပြများ၏ ဘက်လိုက်ဆုံးဖြတ်မှုများကြောင့် ကိန်းဂဏန်း ဆုတံဆိပ် များပြောင်းလည်းမှု၊ ရရှိမှု မရရှိမှုများထက် မိမိတို့ကိုယ်တွင်းထဲမှ ကိုယ်စွမ်းကိုယ်စများသည်သာပ  ဓါနဖြစ်ပါသည်။ မြန်မာ ဘောလုံးအသင်းများအပါအ၀င် အခြားပြိုင်ပွဲတော်တော်များများမှာ ဒိုင်များ၏တစ်ဖက်စောင်းနင်း ဆုံးဖြတ်ချက်များကို သိသာ ထင်ရှားစွာတွေ့မြင်နေရပါသည်။ မိမိနိုင်ငံမှာ အိမ်ရှင်အဖြစ်ကျင်းပသော ယခုကဲ့သို့ပြိုင်ပွဲကြီးမှာပင် မိမိတို့အားကစား သမားများ မိမိလူမျိုးပရိသတ်များ မိမိတို့နိုင်ငံခေါင်းဆောင်များကို  မထီမဲ့မြင်  ပြုမူစော်ကားခြင်းများသာဖြစ်ပါသည်။ ကြာခဲ့ပါ ပြီ လွန်ခဲ့သောဆယ်စုနှစ်လောက် ကတည်းက Sea Game ဘောလုံးပြိုင်ပွဲ များဆိုလျှင်  မြန်မာဘောလုံးအသင်းနှင့် ဘော လုံးပရိသတ်များ ဒိုင်များ၏ နှိပ်စက်မှု အနိုင်ကျင့်စော်ကား မှုများကို ခံစားနေကျဖြစ်ပါသည်။ အခု အိမ်ရှင်အဖြစ် ကျင်းပပြီး ခြေစွမ်းခြေစလည်း အမှန်တကယ်အဆင့်မှီပါရက် လူမျိုးခြား ပရောဂ များကြောင့်ရေတိမ်နစ်ခဲ့ရသည်မှာ အင်မတန်မှ ကြေကွဲဝမ်းနည်းရပါသည်။
          ရုပ်သံအစီအစဉ် တင်ဆက်သူတစ်ယောက်ပြောသကဲ့သို့ပင်ကျွန်တော့်ရင်ထဲမှာတော့ မြန်မာ့အားကစား သမားများ အထူးသဖြင့် ဘောလုံးကစားသမားများကို ရွှေဆုပေးပြီးသားဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာဘောလုံးသမားနှင့် အခြားမြန်မာအားကစားသမားတော်တော်များသည် ရွှေဆုနှင်ထိုက်တန်သော အရည်အသွေး အစွမ်းအစများကို ကျွန်တော် မြင်တွေ့သုံးသပ် ထားသောကြောင့် ဖြစ်ပါသည်။
          ကျွန်တော်တို့နိုင်ငံ၏ ခေတ်စနှစ်များသည် ကျွန်တော်တို့အား အခြားသူတို့မှမထေမဲ့မြင် ပြုမူစော်ကားစရာ များနေ ဖြစ်နေပြီလား? ဒါမှမဟုတ် အခြားကြောင်းများလား?
          နောင်ကိုရောဘယ်၍ ဘယ်ကာလအထိ ကခုကဲ့သို့လွတ်လပ်မျှတမှုများ ဆုံးရှံးနေရအုံးမည်နည်း။ ကြေကွဲ ၀မ်းနည်း နေရအုံးမည်နည်း။
          ဘောလုံးကွင်းထဲသို့ နံနက်(3)နာရီမှလာရောက်အားပေးသောပရိသတ် (30000) ကျော်များ ရုပ်သံမှ    ကြည့်သော သန်းခြောက်ဆယ်သောပရိသတ်တို့သည် ရွှေတံဆိပ်အတွက်အားပေးခြင်းအပြင်ကို ရွှေတံဆိပ်အတွက် လိုအပ်နေသော အခြားကြောင်းတရားများအား စဉ်းစားအဖြေရှာ၍ သီလ၊ သမာဓိ၊ ပညာ များဖြင့် (သို့မဟုတ်) ရှောင်သင့်သောအရာများကို အလေးအနက်ရှောင်၍၊ ဆောင်သင့်သောအရာများကို အလေးအနက်ဆောင်သွားသင့်ပါသည်ဟု ဆိုချင်ပါသည်။ နိုင်ငံရေး အခြေအနေကိုလည်း ဘောလုံးပွဲကဲ့သို့ စိတ်ဝင်စားစွါဖြင့် အကောင်းဆုံး ပြုပြင်ဆောက်တည်သွားကြပါစို့ဟူ၍ ဆန္ဒပြုပါသည်။ သို့မှသာ ပတ်ဝန်းကျင်နိုင်ငံများ၏ အထင်ကြီးလေးစားသော  လူမျိုးရေးနိုင်ငံရေး စနစ်ကောင်းများရှိသော ဂုဏ်သိခါရှိသော နိုင်ငံတစ်ခုအဖြစ် တင့်တယ်စွါရပ်တည်နိုင်ပေမည်။
ကျွန်တော်ထင်ပါသည်။ ဤအခြေအနေရောက်ပြီဆိုလျှင်အ  ခြားနိုင်ငံသားများ၏လေးစားမှု ကိုရရှိပြီး ကျွန်တော်တို့ အားက စားသမားများ၏ ထိုက်တန်မျှတသော အခွင့်အရေးများ ရပိုင်ခွင်အဆင့်နေရာများကို မျက်နှာလွဲရဲတော့မည်မဟုတ်ပေ။
          ကျွန်တော်တို့မြန်မာတွေ တစ်နေ့ ရွှေကို ရရမည်ဟု လုံးဝယုံကြည်ပါသည်။ ယခုအချိန်မှာတော့ ဘာပဲဖြစ်ဖြစ် စိတ် ဓါတ်အကောင်းဆုံးနဲ့ မိမိတို့ရဲ့ပကဓိအရည်အသွေးအတိုင်း အကောင်းဆုံးယှဉ်ပြိုင်ကြပါဟူ၍ အားပေးတိုက်တွန်းလိုက်ပါ သည်။

မြန်မာပရိတ်သတ်တစ်ဦး
စိုးမိုးကျော်
၁၄/ညတန(နိုင်) ၁၂၉၆၆၀
၃၁၉/က-စံရိပ်ငြိမ်လမ်း၊ (၉) ရပ်ကွက်၊ လှိုင်သာယာ။

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 
 

No comments:

Post a Comment