Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday 5 December 2013

သာစည်မြို့ နယ် ကွမ်းခြံရိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏မိုဘိုင်းဖုန်းဆင်းကတ်များဝေငှခြင်းအပေါ်မသမာမှုများလုပ်ဆောင်ခြင်း ငွေတောင်းခံခြင်းများပြုလုပ်နေပါ၍နိုင်ငံတော်သမ္မတကြီးမှအရေးယူပေးပါရန် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

သမ္မတကြီးခင်ဗျား သမ္မတကြီး၏ကောင်းမွန်သည့်အုပ်ချု
ပ်ရေး
ကောင်းမွန်သည့်အုပ်ချုပ်ရေးကိုဦးတည်
လျှောက်လှမ်းနေသည့်အတွက်ပြည်သူတစ်
ဦးအနေဖြင့်ကျရာအခန်းကဏ္ဍမှဆောင်
ရွက်လျက်ရှိပါသည်။သို့ သော်လည်းပြည်သူ
များကရပ်ရွာအကျိုးအမှန်သယ်ပိုးလောက်
မည်ယူဆပြီးဦးကုလား(ခ)ဦးမြင့်တင်ကို
ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ်ရွေးချယ်ခဲ့ကြ
ပါသည်။ဦးကုလား(ခ)ဦးမြင့်တင်သည်ယခု
အခါတွင်နိုင်ငံတော်သမ္မတကြီးမှပြည်သူ
များမိုဘိုင်းဖုန်းကိုင်နိုင်ရန်အတွက်တန်ဖိုး
နည်းဖုန်းဆင်းကတ်များကို ၁၅၀၀ ကျပ်
နှင့်ရောင်းချပေးခဲ့သည့်အပေါ်တွင်မသမာ
မှုများပြုလုပ်ခဲ့ပါသည်။ပြုလုပ်သည့်နေရာ
မှာ မန္တလေးတိုင်းဒေသကြီး မိထ္ထီလာခရိုင်
သာစည်မြို့ နယ် ကွမ်းခြံရိုးကျေးရွာဖြစ်ပါ
သည်။ပြုလုပ်ပုံမှာ ၂၁-၆-၂၀၁၃နေ့ က
နိုင်ငံတော်မှချထားပေးခဲ့သောတန်ဖိုးနည်း
CDMAဆင်းကတ်များကိုမဲနှိုက်ရာတွင်
မဲလိပ်အတိုအရှည်ဖြင့်မရိုးမသားပြုလုပ်ခဲ့
သည့်အပြင်ကျေးရွာပြည်သူများကမကြေ
နပ်၍ပြောကြားသည့်အခါတွင်လည်းရိုင်း
ပြစွာပြောခဲ့သည့်အတွက်အရေးယူပေးပါ
ရန်မြို့ နယ်အုပ်ချုပ်ရေးမှူးထံတင်ပြတိုင်
ကြားခဲ့သော်လည်းအရေးယူပေးခဲ့ခြင်းမရှိ
ဘဲပြည်သူများ၏တိုင်ကြားချက်ကိုလစ်လျူ
ရှုနေခဲ့၍ကျေးရွာနေပြည်သူများကယနေ့ 
တိုင်မကျေမနပ်ဖြစ်နေခဲ့ရပါသည်။
ကျေးရွာအုပ်ချုပ်ရေးမှူး
ဦးကုလား(ခ)ဦးမြင့်တင်သည်ပညာလည်း
ကောင်းစွာမတတ် လူရိုသေမှုလည်းမရှိသူ
တစ်ဦးဖြစ်သည့်အပြင် ကွမ်းခြံရိုးအ မ က
မင်းလှကန်မှရေများဝင်ရောက်၍ကျောင်း
သားကျောင်းသူများပညာသင်ကြားမှုခက်
ခဲနေခြင်းအားဆောင်ရွက်ပေးမှုမရှိ၍ဆရာ
ဆရာမများမှရွာအတွင်းရှိရေမဝင်သည့်
အိမ်များသို့ ရွှေ ပြောင်းပညာသင်ကြားနေ
ခြင်းကိုလည်းသူနှင့်မဆိုင်သလိုနေခဲ့ပါသည်
ကျေးရွာအုပ်ချုပ်ရေးမှူးသည်မြို့နယ်မှတိုင်
ကြားမှုကိုအရေးမယူခဲ့ခြင်းအပေါ်အခွင့်
ကောင်းယူ၍ ၂၉-၁၀-၂၀၁၃ ရက်နေ့ က
နိုင်ငံတော်မှချပေးသောတန်ဖိုးနည်းမိုဘိုင်း
ဖုန်းဆင်းကတ်ဝေငှခြင်းအပေါ်ထပ်မံ
မသမာမှုပြုလုပ်ပြန်ပါသည်။ပြုလုပ်ပုံမှာ
ကျေးရွာမှမဲပေါက်သူများသည်မြို့နယ်ဆက်
သွယ်ရေးရုံးသို့  ၂၉-၁၀-၂၀၁၃ ရက်နေ့ က
ဆင်းကတ်ထုတ်ရန်သွားခဲ့ကြပါသည်။င်္နံက်
၉ နာရီနှင့်၁၀ နာရီကြားတွင်ကျေးရွာအုပ်
ချုပ်ရေးမှူး ဦးကုလား'(ခ)ဦးမြင့်တင်
ရောက်လာပြီးမဲပေါက်သူတစ်ဦးလျင်ငွေ
၁၀၀၀ ကျပ်ပေးရန်ပြောသည့်အတွက် ဘာ
ကြောင့်တောင်းတာလဲ နိုင်ငံတော်မှ၁၅၀၀
ကျပ်နှင့်ရောင်းပေးနေခြင်းအပေါ်မည်သည့်
အတွက်ပေးရမည်ကိုသိလိုကြောင်းမေး
သည့်အခါ သိစရာမလိုဘူး ငါ့အတွက်
လဘက်ရည်ဘိုးတောင်းတာ တိုင်ချင်ရာ
တိုင်နိုင်တယ် မင်းတို့ အရင်တစ်တိုင်တာလဲ
ငါမြို့နယ်အုပ်ချုပ်ရေးမှူးပိုင်လို့ အရေးမယူ
ဘူး အခုလဲမကြေနပ်ရင်တိုင်နိုင်တယ်
မင်းတို့ မကြေနပ်လဲမတတ်နိုင်ဘူးဆိုပြီး
ပြောဆိုတောင်းနေ၍အောင့်သက်သက်နှင့်
ဆင်းကတ်တစ်ခုလျင်ငွေ ၁၀၀၀ ကျပ်စီ
ပေးခဲ့ရပါသည်။ထိုကိစ္စနှင့်ပတ်သက်၍
မြို့ နယ်အုပ်ချုပ်ရေးမှူးထံတိုင်ကြားလိုပါ
သော်လည်းအစကတည်းကမြို့နယ်အုပ်ချုပ်
ရေးမှူးသည်အမှန်တရားဘက်ကရပ်တည်
မှုမရှိနိုင်သည့်အတွက်သမ္မတကြီးအနေဖြင့်
သာစည်မြို့နယ် ကွမ်းခြံရိုးကျေးရွာအုပ်ချုပ်
ရေးမှူးအားအရေးယူပေးပါရန်နှင့်နိုင်ငံ့တာ
ဝန်ကိုထမ်းရွက်ပြီးပြည်သူ့ ဆန္ဒကိုဆောင်
ရွက်မပေးနိုင်သောမြို့နယ်အုပ်ချုပ်ရေးမှူး
အားအရေးယူပေးပါရန်တိုင်ကြားအပ်ပါ
သည်။
တိုင်ကြားသူ
ဦးစိန်ငွေ ၉/သစန(နိုင်)၀၄၄၆၁၈
၀၉-၂၅၆၂၅၃၄၂၈
္ဒတောင်သူ ကွမ်းခြံရိုးကျေးရွာ
သာစည်မြို့နယ်။
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment