Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Monday 23 December 2013

ပဲခူး ဥဿာမြို့သစ်​ ကျူး​ကျော်​ ယာယီ​ဈေး ၁၈ နှစ်​​ကျော်​စည်းကမ်းမဲ့​နေ​သောပြင်​စည်​​ ​ဈေး >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

 ပဲခူးမြို့ ဥဿာမြို့သစ်​ပြင်​​ဈေးသည်​ ၁၈ နှစ်​ ​ကျော်​ကြာ စည်​ပင်​မှယာယီ​ဈေးအဖြစ်​ ကျူး​ ကျော်၍ သမိန်​ဘရမ်း လမ်းနှင့်​လမ်းသွယ်​ များတွင်​စည်းကမ်းမဲ့စွာတည်
ရှိ​နေသည်​မှာ ယ​နေ့ တိုင်​​အောင်​သက်​ဆိုင်​ရာမှ ဥ​ပေက္ခ ပြု ​နေခဲ့ပါသည်​။
ဈေး​ရောင်းသူနှင့်​ဝယ်​စားသုံးမှုအဆင်​​ပြေ ​နေ ကြ​သော်​လည်းတရားဝင်​​ဈေးမဟုတ်​ဘဲစည်​ ပင်​ ​ဈေး​ကောက်​ မှန်​​မှန်​​ကောက်​​နေ ​သည့်​ တိုင်​​အောင်​ ​ဈေးအတွက်​ကုန်​ကျမှုအတွက်
ဘာမှ တိုးတက်​မှုတစုံတရာမရှိခဲ့ပါ။
ဈေးရှိ​နေခြင်း​ကြောင့်​-------
၁။ဈေးအမှိုက်​+​ဈေးလမ်း​နေအိမ်​များ၏အ မှိုက်​များ ကိုသိမ်​ဆည်းခြင်းမရှိ​သော​ကြောင့်​ ပတ်​ ၀န်းကျင်​ ညစ်​ညမ်းမှု(Environmental Impact)ဖြစ်​​နေပါသည်​။
၂။ရပ်​ကွက်​စာသင်​​ကျောင်းနှင့်​ကပ်​လျက်​ရှိ ​နေခြင်း​ကြောင့်​​ဈေးသုံးအညစ်​အ​ကြေးစွန့်​ ပစ်​​ရေဆိုးများစနစ်​တကျစီးဆင်းမှုမရှိ​သော​ ​ကြောင့်​​ကျောင်းသုံး​မြေ​အောက်​​ရေနှင့်​နီး ကပ်​​နေခြင်း​သည်​​ကျောင်း​ရေသုံးစွဲမှုတွင်
ကျန်းမာ​ရေးထိခိုက်​နှိုင်​ပါသည်​။
၃။ဈေး​ရောင်းသူများအညစ်​စွန့်​ပစ်​မှု အ​ပေါ့
အ​လေး သွားခြင်းများအတွက်​အိမ်​သာမရှိခြင်း
ကြောင့်​ညစ်​ညမ်းလျက်​ရှိ​နေပါသည်​။
ဈေးလမ်း​နေအိမ်​များ၏ကျန်းမာ​ရေး လူမှု​ရေး
များ( Social Impact )ထိခိုက်​လျက်​ရှိ​နေပါ
သည်​။
၎။သက်​ဆိုင်​ရာ မှ ဤကိစ္စကို EIA & SIA  assassment လုပ်​သင့်​ပါသည်​။
ပညာ​ရေးဌာနမှလည်း​ကျောင်းကျန်းမာ​ရေးအလျစ်​လျူမရှုသင့်​ပါ။
ပဲခူးစည်​ပင်​မှလည်းအခွန်​အ​ကောက်​များယူ
နေသည့်​အတွက်​ မည်​သို့​ဆောင်ရွက်​သင့်
သည်​ကို​ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးနှင့်​ပူး​ပေါင်း
ရပါမည်​။
၅။မြို့နယ်​အုပ်​ချုပ်​မှူးလည်းသိရှိပြီးဖြစ်​​နေ၍
ဤကိစ္စကိုအလျင်​အမြန်​​ စိစစ်​​ဆောင်​ရွက်​ရန်
နှင့်​​ဈေး ရာ ထားသို့​ပြောင်း​ရွေ့ရန်​တင်​ပြလို
ပါသည်​။
၆။ဈေးသည်​များလမ်​​ပေါ်တက်​​ရောင်း​နေမှု
ကြောင့်​မီးသတ်​ကားသွားနှိုင်​သည့်​အ​နေအထားမရှိပါ။ဈေး​ရောင်း​ဈေးဝယ်​များဖြင့်​ပိတ်
ဆို့​နေပါသည်​။


  မည်​သူမဆိုလာ​ရောက်​စစ်​​ဆေးနှိင်​ပါသည်
အမှန်​အတိုင်း​တွေ့ပါလိမ့်​မည်​။
ဈေးဆိုးကျိုးခံစားရသူများ----
ပြင်​စည်​​ဈေးလမ်းအိမ်​များ
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment