Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Wednesday 18 December 2013

ပတ်ဆောင်ဟွာရယ်လုပ်စားချင်ရင်တစ်ခြားနည်းနဲ့ လုပ်စားပါလားဗျာ ပြည်သူတွေရဲ့အိမ်မက်ကိုမှနင်းချေရက်သလားဗျာ။ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

နှစ်ပေါင်း(၄၀)ကျော်မှအိမ်ရှင်
အဖြစ်အရှေ့တောင်အာရှအားကစားပွဲ
ကို
ပြည်သူတွေမျှော်လင့်နေသလို မြန်မာတွေ
အားအထားဆုံးဘောလုံးပွဲကိုလည်းအာ
ပေးချင်ကြလွန်းလို့ လက်မှတ်မရတာနဲ့ 
အပြင်ကဈေးကြီးပေးဝယ်ပြီးကြည့်ကြရတါ
လေ။ကျနော်တို့ ဆိုရင်နယ်ကဆိုတော့လာ
မကြည့်နိုင်လို့ တီဗွီရှေ့ကဘဲစောင့်ကြည့်အါး
ပေးနေရတာပါ။အဲဒီနေ့ ဘာအလုပ်ရှိရှိ
မျိုးချစ်စိတ်ဓာတ်အပြည့်အဝနဲ့ အားပေးနေ
ကြတာအိမ်တိုင်းအပြည့်ပါ။အင်ဒိုဆိုတာ
ကျနော်တို့ မြန်မာအသင်းအတွက်ကလေး
ကစားစရာလို့ တောင်ပြောလို့ ရပါတယ်။
အရင်အသင်းတွေနဲ့ ကန်တဲ့အနေအထားကို
ကြည့်ကတဲကမြန်မာတွေခြေမညံ့ဘူးဆိုတါ
ပြနေတာလေ ကျနော်တို့ ကတော့မြန်မာ
အသင်းသေချာပေါက်တက်လာမယ် မှန်း
တာတော့ရွှေပေါ့ဗျာ လွန်ရောကျွံရောငွေ
တော့သေချာတယ်ဆိုပြီးတွက်ထားတာဗျ
ပွဲစတဲ့ပထမပိုင်းကစါးတော့တစ်ခုခုလိုနေ
သလိုလိုမှားနေသလိုလိုထင်နေမိတယ် ။
တိုက်စစ်မှူးကျော်ကိုကိုဘာလို့ မပါတာလဲ
ဆိုတဲ့မေးခွန်းကိုဘယ်သူဖြေနိုင်မလဲပေါ့ ။
ကစားကွက်တွေကအချိတ်အဆက်မမိ သူ
များကစားကွက်ထဲမျောနေ ဒီကြားထဲ
အသုံးမကျတဲ့ ထိုင်းနဲ့ ပွဲတုံးကလဲနောက်က
လူလာနေမှန်းမသိဘဲနောက်ပြန်ပေး ပါသွါး
မှဇွတ်အတင်းနောက်ကလိုက်ဖျက်တော့ပစ်
ဒဏ်အပေးခံရလို့ ပထမဗွေဆော်ဦးဂိုးအ
သွင်းခံရတဲ့သူကိုဘဲထဲ့သုံးထားတော့သူ့ 
ဖက်ကပေါက်ပြီးဂိုးသမားဒုက္ခရောက်ပြီး
ပင်နယ်တီအပေးခံရ ဂိုးပေးလိုက်ရတော့
ကျနော်အနေနဲ့ တိုက်စစ်မှူးကျော်ကိုကို ကို
ပထမပိုင်းမထဲ့တာရယ် မထဲ့သင့်တော့တဲ့
နောက်တန်းကသူကိုထဲ့တာရယ်ကြောင့်
နည်းပြကြီးပတ်ဆောင်ဟွာကိုသိပ်မသင်္ကာ
တော့ဘူးဗျာ။ထင်တဲ့အတိုင်းဘဲအင်ဒိုကို
သရေကစားရင်တောင်နိုင်မယ့်အခြေအေ
ကနေမြန်မာတွေရှုံးခဲ့ရတော့မဖြစ်သင့်တာ
တွေခင်ဗျားကြောင့်ဖြစ်ခဲ့ရတယ်လို့ ကျနော်
ယူဆတာမလွဲနိုင်ဘူးဆိုတာသေချာပေါ့ဗျာ။
နောက်နေ့  ကိုယ့်ဖုန်းထဲကအင်တာနက်
သတင်းလေးဖွင့်ကြည့်တော့ထင်တဲ့အတိုင်း
ဘဲ နည်းပြကြီးပတ်ဆောင်ဟွာကိုယ်ရေး
ကိုယ်တာကိစ္စရှေ့တန်းတင်ပြီးတိုက်စစ်မှူး
ကျော်ကိုကို ကိုသူနဲ့ အဆင်မပြေတာနဲ့ 
ပထမပိုင်းထဲ့မကစားတာဖြစ်ကြောင်းဝန်ခံ
ခဲ့တယ် အဖွဲ့ ချုပ်ဥက္ကဌဦးဇော်ဇော်ကနည်း
ပြကြီးပတ်ဆောင်ဟွာကိုလက်တွဲဖြုတ်လိုက်
ပြီဖြစ်ကြောင်းကြေညာတော့မှကျော်ကိုကို
ကိုပထမပိုင်းထဲ့မကစားခိုင်းတာပေါ်တဲ့အ
ပြင်နည်းပြကြီးကနိုင်ငံတော်ကိုရော အားက
စားပရိသာတ်ကိုရောသူမှားကြောင်းသူ့ အ
နေနဲ့ တောင်းပန်ကြောင်းပြောပြီးနှုတ်ဆက်
ရုံနဲ့ ရနိုင်ရိုးလားဗျာ။ပြည်သူသန်း (၆၀)
ကျော်ရဲ့မျှော်လင့်ချက်တွေနင်းချေရက်
တယ်ဗျာ။အချိန်ကိုဘာနဲ့ မှလဲလို့ မရဘူးဆို
တာမသိဘူးလားဗျာ။နည်းပြပတ်ဆောင်ဟွါ
ကြီးအင်ဒိုကမြန်မာဖက်ဘောလုံးယူသွားပြီ
ဆိုရင်ဝမ်းသာအါးရပုံစံမျိုး မြန်မာကအင်ဒို
ဖက်ဘောလုံးသယ်သွားရင်စိုးရိမ်နေတဲ့ပုံစံ
တွေကပြင်ပလောင်းကစားစကားနဲ့ ပြောရ
ရင်ခင်ဗျားအင်ဒိုပေါ်ကတစ်ခုခုယူပြီးမြန်မာ
တွေအပေါ်လုပ်စားသွားတာတော့သိပ်ကို
လွန်တာပေါ့ဗျာ။ ဥက္ကဌကြီးဦးဇော်ဇော်ကို
အကြံပြုပါရစေ ဦးဇော်ဇော်ကိုသန်း (၆၀)
ပြည်သူတွေကအားကိုးထားတာပါ။ကါတွန်း
ထဲကဦးရှံစားပြောတဲ့မှားတဲ့အခါလဲမှားပေ
မပေါ့ ဆိုလို့ မရဘူးနော်။ဒီတစ်ခါနည်းပြ
ရှာရင် စာရိတ္တကိုပထမလေ့လာပါ သူ့ ရဲ့
စိတ်ရှည်သည်းခံမှုကိုလေ့လာပါ သူ့ ရဲ့ဘေါ
လုံးပညာကျွမ်းကျင်မှုကိုလေ့လာပါ နိုင်ငံ
အတွက်အမှန်တကယ်စွမ်းဆောင်ပေးနိုင်သူ
ကိုသာရှာပါါ။ဥပမာ ဖာဂူဆန်လိုစိတ်ရှည်
သည်းခံဇွဲလည်းသန်တဲ့လူမျိုးပေါ့ဗျာ။ကိုယ်
ကအလကားခေါ်တာမဟုတ်ဘူးလေ တန်
ရာတန်ကြေးပေးရတာမို့ လား။အခုတော့
ကိုယ့်ဆီကငွေလဲယူသေး ကိုယ့်နိုင်ငံမျှော်
လင့်ချက်တွေကိုလဲလုပ်စားပြီးနင်းချေခဲ့ခံ
ခဲ့ရင်္ပြီလေ။ခုတော့နည်းပြကြ်ီးပတ်ဆေါင်ဟွါ
ရယ်လုပ်စားရက်လိုက်တာဗျာ အခြားတစ်
ခုခုနဲ့ လုပ်စားပါလား ပြည်သူတွေရဲ့အသဲ
နှလုံးတွေကိုမှချေမွှအောင်လုပ်ပြီးမှတောင်း
ပန်သတဲ့လားဗျာ။
မြန်မာပြည်ဖွား သာစည်သား
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 
 

No comments:

Post a Comment