လာရှိုးမြို့ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌
ဒီဇင်ဘာလ ၁ ရက်နေ့က ဖုန်းမဲနှိုက်ပြီး ပေါက်သူများ၏ အမည်စာရင်းကို
ဖော်ပြရာတွင် မဲမပေါက်သူများ၏ အမည်များကိုပါ ဖော်ပြခဲ့ပါသည်။
မဲမပေါက်သူများ၏ အမည်စာရင်းများမှာ မဲပေါက်သူများ၏
အိမ်ထောင်စုစာရင်းမှဖြစ် ပြီး ပေါက်မဲစာရင်းပါ၍
သွားရောက်ထုတ်ယူသောအခါ တစ်အိမ်ထောင်ထဲမှ ဖြစ်သောကြောင့်
တစ်ဦးစာပဲ ရမည်ဟု ပြောပြီး ၁ကပ်ပဲ ပေးပါသည်။ ထပ်နေသူများကိုပယ်၍
မဲပြန်နှိုက်မည်ဟု ပြောသော်လည်း ယခုထိ မဲမနှိုက်သေးပါ။
မဲပြန်နှိုက်ပေးမည်လည်း မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော်
မဲဖောက်ပေးသူများမှ အကွက်ဆင်၍ လုပ်ထားသောကြောင့် ဖြစ်ပါသည်။
မဲဖောက်သောနေ့က ကျွန်မရှိနေပါသည်။ ပထမ ကျွန်မအစ်ကို
မဲပေါက်ပါသည်။ ကျွန်မ မပြန်သေးဘဲ သူငယ်ချင်းနာမည် ရောက်သည်ထိ
ဆက်၍ကြည့်နေရာ ကျွန်မသူငယ်ချင်းမပေါက်ပါ။ သူငယ်ချင်း၏
အမေကတော့ ပေါက်ပါသည်။ နောက်ရက် မဲပေါက်သူများစာရင်း
ကပ်ထားသောအခါ သူငယ်ချင်း၏ နာမည်လည်း ပါတာတွေ့ရပါသည်။ စာရင်းပါ၍
ကပ်သွားထုတ်သောအခါ တစ်အိမ်ထောင်တည်း ဖြစ်နေ၍ တစ်ဦးစာပဲ
ရမည်ဟုပြောပြီး တစ်ဦးစာပဲ ပေးပါသည်။ ပိုနေသည့်ကပ်များကို
မပေါက်သူများအား မဲပြန်နှိုက်ပေးမည်ဟု သိရပါသည်။ သို့သော်
ဘယ်နေ့ဟု မသိရပါ။ ကျွန်မအနေနှင့် မဲပြန်ဖောက်ပေးမယ်ဆိုတာ
မယုံကြည်ပါ။ အဘယ်ကြောင့်ဆိုသော် အစကတည်းက မပေါက်သူများ၏
စာရင်းကို လိမ်ညာ၍ စာရင်းဖော်ပြပြီး တကယ်ထုတ်ယူသောအခါ
တစ်အိမ်ထဲဖြစ်နေ၍ဟု ဆင်ခြေပြကာ တစ်ပတ်နှင့်တစ်ပတ် မရိုးရအောင်
ပြည်သူများကို လှည့်စားပြီး လိမ်လည်နေပါသည်။ ယခင်ကလည်း
လိမ်ညာရာတွင် လူမိ၍ ပြဿနာဖြစ်ကြပါသည်။ ယခုလည်း ကလိမ်ကကျစ်လုပ်၍
တစ်အိမ်ထောင်ထဲမှ ဖြစ်အောင်လုပ်၍ တစ်မျိုးညာပြန်ပါသည်။
မဲဖောက်ရာ၌ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်သည် သူလက်အောက်၌
ဝင်းဘိုနှင့် အပေါင်းအပါတစ်စုအား နယ်မြေမှူးရာထူးပေး၍
လူမိုက်အငှားပုံစံဖြင့် ရပ်ကွက်နေ ပြည်သူများအား
နိုင့်ထက်စီးနင်းပြုကာ ရိုင်းပြစွာ ဆက်ဆံမှုများ ပြုလုပ်နေပါသည်။
အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် မှာလည်း အုပ်ချုပ်ရေးမှူး
အရည်အချင်းနှင့်လည်း မကိုက်ညီပါ။ ပညာအရည်အချင်းမှာလဲ
ဆယ်တန်းတောင်မှ မအောင်ပါ။ ထိုသို့ အရည်းချင်း မပြည့်ဝသော
ပြည်သူများအပေါ် လိမ်ညာနေသော အကျင့်ပျက် အုပ်ချုပ်ရေးမှူးနှင့်
နယ်မြေမှူးများအား စစ်ဆေးအရေးယူပေးပါရန်နှင့် 
အရည်ချင်းပြည့်ဝ၍ ပြည်သူအပေါ် သစ္စာရှိသော ရိုးသား၍ စည်းကမ်းရှိသော
အုပ်ချုပ်ရေးမှူးအသစ်အား ပြန်လည်ရွေးချယ်ပေးပါရန် ရပ်ကွက်နေ
ပြည်သူများမှ ဆန္ဒရှိနေကြပါကြောင်းကို ရပ်ကွက်ပြည်သူများကိုယ်စား
အထက်လူကြီး များအား ရိုသေစွာ တင်ပြအပ်ပါသည်။
တာဝန်သိပြည်သူတစ်ဦး
နယ်မြေ ၁၆ ၊ ရပ်ကွက် ၎
နယ်မြေ ၁၆ ၊ ရပ်ကွက် ၎
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:
Post a Comment