Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Tuesday 10 December 2013

ရခိုင်ပြည်နယ်၊မင်းပြားမြို့၊မေလွမ်းကျေးရွာ ကျောင်းအုပ်ကြီး ကျောင်းသူ/သားများထံမှ ကျောင်းဝင်ကြေးများကိုအတင်းအားဓမ္မကောက်ခံနေ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”


မြန်မာတစ်နိုင်ငံလုံးတွင် မူလတန်းကျောင်းသားများကို ကျောင်းဝင်ကြေးပေးစရာမလိုတော့ဟု မြန်မာနိုင်ငံအစိုးရနှင့် ပညာရေးဌာန ပြည်အသူအများအနေနှင့်လည်း အားလုံးအသိ့ဖြစ်ပါသည်။ အထက်ပါအကြောင်းအရာနှင့်ပတ်သတ်၍ မင်းပြားမြို့နယ်၊ မေလွမ်းကျေးရွာအတွင်း တာဝန်ကျနေသော အမှတ်(၀၈၃)၊မူလတန်း (လွန်)ကျောင်းအုပ်ဆရာကြီး ဦးကျော်သိန်းဝင်းသည် မူလတန်းကျောင်းသူ/သားများ၏ ကျောင်းဝင်ကြေးကို ပညာရေးဌာနမှ မကောက်ခံရဟု၍ တားမြစ်ထားသော်လည်း သူငယ်တန်း ၂၀၀ ကျပ် ၊ ပထမတန်း ၅၀၀ ကျပ် ဒုတိယတန်း ၁၀၀၀ ကျပ် တတိယတန်း နှင့် စတုတ္ထတန်း တို့ကို ၅၀၀၀ ကျပ် နုန်းဖြင့်ကောက်ခံပြီး ကျောင်းထွက်လက်မှတ်ကို (TC) ၅၅၀၀ ကျပ် စီတောင်းခံနေပြီး ၄င်း တောင်းခံရာတွင်လည်း မပေးလျှင်အိပ်တိုင်လာရောက်အတင်းအဓမ္မကောက်ခံလျှက်ရှိပြီး အထက်ပါငွေများကိုလာရောက် မသွင်းပါက အတန်းတင်စာမေးပွဲကို အအောင်မပေးဟု ကျောင်းသူ/သားများကို ခြိမ်းခြောက်ပြောဆိုကြိမ်းဝါးနေပါသည်။ ကျောင်းအပ်နှံရာတွင်
လည်း ကျောင်းတွင်အပ်နှံခြင်းပြုမလုပ်ပဲ ကျောင်းအုပ်ကြီး ဦးကျော်သိန်းဝင်း၏ နေအိပ်တွင်သာလက်ခံသည်။ ကျောင်းနှင့် ပတ်သတ်၍ မည်သည့်ကိစ္စမဆို အိပ်တွင်သာလက်ခံတွေ့ဆုံလဲ့ရှိသည်။ ကျောင်းအုပ်ကြီးသည် ၄င်းရွာတွင်လည်း ကျောင်းသားမိဘ များ လက်အောက်ငယ်သား ကျောင်းဆရာ ဆရာမ များနှင့်လည်း အပြုသဖောမဆောင်သည့်အပြင့် မြတ်ဆရာ ဆိုသည်နှင့် မသင့်မလျှော်စွာ မိုက်ရိုင်းကြိမ်းမောင်းလျှက်ရှိသည် ၄င်းနောက် မေလွမ်းကျေးရွာ၏ ပညာရေးတိုးတက်မူကိုမဆောင်ရွက်သည့်အပြင် ကျောင်းစရိတ်အဖြစ် ပညာရေးဌာနမှ ထောက်ပံငွေများကိုပါ အလွဲသုံးစား ပိတ်စားနေပါသဖြင့် မေလွမ်းကျေးရွာပညားရေးတိုးတက်မူများစွာနှစ်နာနေရသည်ကို မေလွမ်းကျေးရွာ ရပ်မိရပ်ဘ ကျောင်းသားမိဘများက ယခုကဲ့သို့ မင်းပြားမြို့နယ်ပညာရေးမှူးရုံးအား အစီရင်ခံစာတင်ပြသော်လည်း တစ်စုံတစ်ရာထူးခြင်းမူမရှိပေ ထို့ကြောင်း နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အကြီးအကဲများ ၊ပညာရေးဝန်းကြီးဌာန များမှ သိရှိစေရန် ယူခုကဲ့သို့ မီဒီယာများ တစ်ဆင့်တင်ပြအပ်ပါသည်။ ကျောင်းအုပ်ကြီးတစ်ယောက်အနေနဲ့ ယခုကဲ့သော ချက်မှတ်ထားသော စည်းမျဉ်းများနှင့် မူဝါဒရေးရာများကို ချိုးဖောက်နေသည်ကို အထက်ပါလူကြီးမင်းများအနေဖြင့် ၄င်း အကျင့်ပျက်ခြက်စားမူများ အပေါ် အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးပါရန် မေလွမ်းကျေးရွာ ကျောင်းသား/သူ မိဘများမှာ ယုခုကဲ့သောတင်ပြအပ်ပါသည်။

တိုင်းကြားသူများ ။      ။ ကျောင်နာယက  ၁၀ ဦးပါဝင်ပြီး         
                           ကျောင်းသားမိဘ ၂၀၅ ဦး ပါဝင်တိုင်းကြားလိုက်ပါသည်။
 ပို့ပေးသည်               မေလွမ်းသား

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment