Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Tuesday 17 December 2013

လက်နက်မကိုင်ပဲတိုက်တဲ့ မူဆယ်ဆေးရုံဝင်းထဲမှ ဓါးပြများ>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ယောက်မဖြစ်သူ မီးဖွားမှာဖြစ်လို့ မူဆယ်ဆေးရုံသို့ရောက်သွားရပါတယ်။ ဆိုင်ကယ်နှင့်ပါ။ မူဆယ်ဆေးရုံမှာ ခလေးမီးဖွားဖို့သွားလျှင် ကြုံရတဲ့ အခက်အခဲနှင့် ကုန်ကျစရိတ် များကို သီးသန့်ပြောပြပါဦးမယ်။
 ဆေးရုံ အ၀င်မှာ ပြသနာစပါ တော့တယ်။  ကျမ ဆိုင်ကယ်စီးပြီးဝင်သွားတော့ မီးရထားသံလမ်းနှင့် ကားလမ်းဖြတ်အကူးမှာပဲတွေ့ဖူးတဲ့ သံတံခါးကို အတင်းပိတ်လိုက်ပါတယ်။ ပြီးတော့ အမျိုးသားနှစ်ယောက် ရောက်လာပြီး ဆေးရုံထဲ ဆိုင်ကယ်ဝင်လို့မရဘူး။ ဒီအ၀မှာပဲ အပ်ခဲ့ရမယ် ပြောပါတယ်။ (အခကြေးငွေနှင့်ပါ) ကျမ မှာ ယောက်မရဲ့ ကလေး (၂) နှစ်နီးပါး ခန့်ကို အခြားအသုံးအဆောင်များ တင်သွားပါတယ်။ ကလေးက တစ်ဖက်၊ ပစ္စည်းက တစ်ဖက် နှင့် လမ်းလျှောက်ဝင်ရန် အဆင်မပြေသဖြင့် ဆိုင်ကယ်နှင့် ၀င်ခွင့်ပြုဖို့ပြောပါတယ်။ မရပါဘူး ။ ငွေမပေးချင်လို့မဟုတ်ပါဘူး။ ကျမ အခက်အခဲ ကိုမြင်ယောင်ကြည့်ပါ။ ဆေးရုံရှေ့(OPD) ကိုလှမ်းကြည့်တော့ ဈေးသည်လှည်းတွေ၊ ဆိုင်ကယ်တွေ၊ ကားတွေ အများကြီးဝင်ပြီး ရပ်ထားတာ တွေ့ရပါတယ်။ စကားအခြေတင်ပြောကြပါတယ်။ မောက်မာရိုင်းစိုင်းစွာလည်း အပြောခံရပါတယ်။ အဲ့ဒီ အမျိုးသားတွေက နင်မကျေနပ်ရင်ကြိုက်တဲ့နေရာ သွားတို်င် ငါတို့က ခွင့်ပြုချက်နှင့် ကောက်နေတာ အလကားကောက်နေတာ မဟုတ်ဘူး သူ့သတ်မှတ်ချက် အတိုင်းငွေပြန်သွင်းရတာ နားလည်ထား ဟု မောက်မာရိုင်စိုင်းစွာ အော်ဟစ်ပြောဆိုပါတယ်။ ဆိုင်ကယ်မအပ်ခဲ့လျှင် အန္တရာယ်ပြု မည့်ပုံစံမျိုးတောင် တွေ့ရပါတယ်။ ဘာလူမျိုးတွေလဲ မသိပါ ဗမာလိုပြောတာ တော်တော်ဝဲပါတယ်၊ သူတို့ပြောစကားတွေနားလည်အောင် ကျမ ကြိုးစားနားထောင်ရပါတယ်။ ပတ်ဝန်းကျင်က လူတွေလည်း ၀ိုင်းကြည့်တော့ ကျမ တော်တော်ရှက်ရပါတယ်။
နိုင်ငံတော် အစိုးရပိုင် အများပြည်သူအားလုံးနှင့်ဆိုင်သော ပြည့်သူ့ဆေးရုံဝင်းထဲမှာ ကိုယ်ကျိုးရှာ စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်ပေါ်နေပါလား ဆိုပြီး ခံစားလိုက်ရပါတယ်။ ဒီအဖြစ်အပျက်ကို ကျမတစ်ဦးတည်း မဟုတ်ပဲ ဆေးရုံလာသူ တော်တော်များများ ကြုံတွေ့ခံစားခဲ့ ရကြောင်း သိရှိရပါတယ်၊ စဉ်းစားကြည့်ပါ ဆေးရုံဆိုတာ ဘယ်သူမှ အပျော်သက်သက်မလာပါဘူး ဆေးရုံနှင့် ပတ်သက်ပြီဆို အနည်းနှင့်အများ ဒုက္ခသည်ချည်းပါဘဲ အဲဒါကို ကိုယ်ချင်းစာတရား မရှိဘဲ ငွေရလိုမှုတစ်ခုတည်းကို ကြည့်ပြီး ဓါးပြတိုက်သလို ဆက်ဆံခဲ့ရပါတယ်။
မူဆယ်မြို့မှာ အများပြည်သူနှင့် ဆက်ဆံရသော ဌာနဆိုင်ရာ အများကြီးပါ၊ ဘယ်ဌာနမှ ဆိုင်ကယ်ကိုထားခိုင်းပြီး ငွေအတင်းအကြပ်ကောက်ခံတာမျိုး မရှိပါ
ဒါကြောင့် လက်နက်မကိုင်ပဲ ဓါးပြတိုက်သလို မင်းမဲ့စရိုက်ဆန်ဆန် ဆက်ဆံနေကြတဲ့ မူဆယ်ဆေးရုံဝင်းထဲမှ အကျင့်ပျက်စရိုက်ကြမ်း ဝန်ထမ်းဆိုးတွေရဲ့ လုပ်ရပ်ကို ကျန်းမာရေးဝန်ကြီး ၊ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ အာဏာပိုင်များသိရှိကာ ကျမကဲ့သို့ မလွဲမရှောင်သာလို့ဆေးရုံရောက်လာကြတဲ့ ဒုက္ခသည်တွေအပေါ်မောက်မာရိုင်းစိုင်းစွာ ဆက်ဆံခံ ခဲ့ရပြီး လူ့ကျင့်ဝတ်သိက္ခာ မညိုးနွမ်းကြစေဖို့လိုအပ်သလိုပြုပြင်ပေးနိုင်စေရန် တင်ပြအပ်ပါတယ်၊
                                            လေးစားစွာဖြင့်
                                         ကိုယ်တွေ့ခံစားရသူ

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment