Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Sunday 29 December 2013

ပညာရေးဝန်ကြီးဌာန ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေမှူးချုပ်ထံသို့အသနားခံတင်ပြခြင်း >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ကျွန်တော်သည် ပညာရေးဝန်ကြီးဌာန ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ေ
ရးဦးစီးဌာနမှ ဖွင့်လှစ်သောလုပ်ငန်းခွင်ကြို ဆရာအတတ်ပညာကျွမ်းကျင်မူ့ဒီပလိုမာသင်တန်းDTEC(9/12)် အမှတ်စဉ်(၉/၂၀၁၂)သင်တန်းဆင်းဆရာလောင်းတစ်ဦးဖြစ်ပါသည်။ ထိုသင်တန်းကို 21-8-2012 မှ 15-8-2013 ရက်နေ့အထိတက်ရောက်ခဲ့ပါသည်။ ကျွန်တော်တိုသင်တန်းသားများသည် သင်တန်းကာလစုစုပေါင်း ၈လနှင့် လက်တွေ့တန်းပြကာလ  ၂လတာတန်းပြ ဆင်းခဲ့သောဆရာလောင်း ဆရာမလောင်းများဖြစ်ပါသည်။ ကျွန်တော်တို့သင်တန်းမပြီးဆုံးခင်ကာလတွင် နေ့စားလပေး ဆရာများကိုခေါ်ယူကာ တာဝန်ချထားပေးခဲ့ပါသည်။ ထိုနေ့စားလပေးဆရာများ သည်မည်သည့်သင်တန်းမျှတက်စရာမလိုပဲ မူလတန်းဆရာများအဖြစ် 3-8-2013 ရက်နေ့တွင်တာဝန်ပေးအပ်ခဲ့ပါသည်။ထိုဆရာများတာဝန်ထမ်းဆောင်တဲ့ကာလဟာဆိုရင် ၄ လကျော်နေပါပြီ။ ကျွန်တော်တို့မှာ မိမိစရိတ်ဖြင့် သင်တန်း ၁ နှစ်တက်ရပြီး အခုချိန်အထိ အလုပ်မဝင်ရသေးပါခင်ဗျာ။  အလုပ်ဝင်ရမည့်ရက်ကိုလည်းတိတိကျကျမသိရှိရသေးပါခင်ဗျာ။ ကျွန်တော်တို့ ကုန်ဆုံးခဲ့တဲ့ အချိန်တွေကို သနားငဲ့ညှာသောအားဖြင့် တိကျတဲ့အဖြေလေးတစ်ခုတော့ပေးသနားလှည့်ပါလို့  DTEC (9/12) သင်တန်းသားများအားလုံးကိုယ်စားတောင်းဆိုအပ်ပါတယ်ခင်ဗျာ။
နေလင်း
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

1 comment:

  1. ရေကောက်ရွာ10 January 2014 at 14:51

    တို့တောရွာမှာဆရာရှာရမလွယ်ပါ
    မြို့မှာပိုနေရင်ပို့ပေးစေချင်တယ်

    ReplyDelete