Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Sunday 22 December 2013

မြန်မာနိုင်ငံဆရာဝန်အသင်း ဘယ်လဲ၊ ခေတ်ပြောင်းနေတာ မေ့နေသလား? >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မကြာမှီ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်တွင်၊ ဆရာဝန်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (၂၀၁၄-၂၀၁၆) ပြုလုပ်လိမ့်မည် ဟု ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင်က သတင်းစာများတွင် ကြော်ညာခဲ့ပါသည်။ ထိုကြေညာချက်အရ ယနေ့ဆောင်ပါးကို ဆရာဝန်များနှင့် အများပြည်သူတို့ သိသာရန် ရေးသားတင်ပြ လိုက်ပါတယ်။
၁။ မြန်မာနိုင်ငံဆရာဝန်အသင်း ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်း (၂၀၀၉ ခုနှစ်)
ဤဆောင်းပါးအတွက် ကိုးကားချက်များ၊
(၁၄-၁-၂၀၀၉) (၅၅ကြိမ်မြောက် ဆရာဝန်ညီလာခံတွင် စတင်ဖြန့်ချီသည်)
၂။ ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင် ဥက္တဋ္ဌ ၏ သတင်းစာများတွင် ကြော်ညာခဲ့ သော၊ ကြေညာချက်၊
၃။ ရက်စွဲ၊ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၂၅) နေ့ ထုပ်ပြန်ခဲ့သော ရွေးချယ်တင်မြှောက်ပွဲဆိုင်ရာ လုပ်ထုံး လုပ်နည်းများ၊
၎။ ရက်စွဲ၊ ၂၀၁၃ ခုနှစ်၊ ဒီဖင်ဘာ (၂)ရက် နေ.ထုပ်ပြန်ခဲ့သော ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင် နေပြည်တော်နှင့် ပြည်နယ်/ တိုင်းဒေသကြီး မြန်မာနိုင်ငံဆရာဝန်အသင်းများသို့ ပို့သောစာ၊ စာအမှတ်။ ဆရ၀(ဗဟို)ကော်မရှင်/၂၀၁၃/၀၃၃
ယနေ့မြန်မာပြည်တွင် ဆရာဝန်မှတ်ပုံတင် (ဆမ) နံပါတ်များအရ (၃၁၂၃၀) ကျော်ရှိနေပါပြီ။ ၂၀၀၉ ခုနှစ် ဆရာဝန်အသင်း ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်း စာမျက်နှာ ၅၊ အခန်း (၂) အသင်း၏ သဘောထားရပ်တည်ချက်၊ အပိုဒ် ၁၊ တွင် “ မြန်မာနိုင်ငံအတွင်းရှိ ဆေးပညာဘွဲ့ရပြီးသူ နိုင်ငံသား ဆရာဝန်များ ချစ်ကြည်ရင်းနှင်းစွာ ပေါင်းစည်း၍ ဆရာဝန်ထု တစ်ရပ်လုံးကို ကိုယ်စားပြုပြီး ‘ဆရာဝန်အသင်း’ အမည်ဖြင့် ဖွဲ့စည်း တည်ထောင်ရန်” ဟုဖေါ်ပြထားပါတယ်။ ထိုအပြင် ဆရာဝန်အသင်း ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်း စာမျက်နှာ (၁၅) အခန်း(၅) အသင်း၏ နည်းဥပဒေ နှင့် စည်းမျဉ်းများ အပိုဒ် ၁ (က) တွင်၊ “မြန်မာနိုင်ငံသားဖြစ်ပြီး မြန်မာနိုင်ငံ ဆေးကောင်စီမှ အသိအမှတ်ပြု မှတ်ပုံတင် (ဆမ) လက်ဝယ် ရှိသူတိုင်း အသင်းသားအဖြစ် ၀င်ရောက်ခွင့် ရှိသည်။” ဟလည်ုး ဖေါ်ပြထားပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ရန်ကုန် တွင် ကျင်းပခဲ့သော အသင်း၏ နှစ်ပတ်လည် အစည်းအဝေးတွင် နယ်မှ ညီလာခံကိုယ်စားလှယ် တစ်ဦး၏ ဆရာဝန်အသင်းတွင် အသင်းသားဥိရေ မည်မျှရှိပါသလဲ မေးခွန်းကို၊ ဗဟိုဥက္တဋ္ဌ မှ တစ်သောင်းငါးထောင် ခန့်ရှိပါသည် ဟု အဖြေ ပေးခဲ့ပါတယ်။ ယနေ့ (၂) နှစ်ကျော်တွင် အသင်းသားဦးရေ မည်မျှ ရှိသည်ကို တိတိကျကျ ပွင့်ပွင့် လင်းလင်း ထုပ်ဖေါ်ပေးပါ။ (ဆမ) ရပြီးသူ သုံးသောင်းတစ်ထောင်ကျော်တွင်
မြန်မာနိုင်ငံဆရာဝန်အသင်းသား အဖြစ် ဘယ်လောက်စည်းရုံး နိုင်ခဲ့သည်ကို သိလို၍ ဖြစ်ပါတယ်။ လက်ရှိ ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှာ လွန်ခဲ့သော ၂၀၀၆ ခုနှစ်ခန့်ကတည်းက ဥက္ဏဋ္ဌ အတွင်းရေးမှူးများ တဆက်တည်း လူပြောင်းမှု အနည်းငယ်ဖြင့်သာ ဆက်တိုက် တာဝန်ယူခဲ့သူများဖြစ်ခြင်းကြောင့် ၄င်းတို့၏ အောင်မြင်မှုနဲ့ ဆရာဝန်များကို စည်းရုံးနိုင်မှုကို သိလျှင် ဂုဏ်ပြုလိုသဖြင့် ဖြစ်ပါတယ်။
မြန်မာနိုင်ငံဆရာဝန်အသင်း ဖွဲ့စည်းပုံ စည်းမျဉ်း စာမျက်နှာ (၂၁)၊ အခန်း (၇) အသင်းအဆင့်ဆင့် ဖွဲ့စည်းပုံတွင် “မြို့နယ် အသင်းဖွဲ့စည်းခြင်းတွင် မြို့နယ် အသင်းတိုင်းတွင် သက်တန်း (၂) နှစ် ရှိသော အမှုဆောင်အဖွဲ့ ဖွဲ့၍ တာဝန်ေးအပ်ရမည် ဟုပါရှိသော်လည်း၊ ခရိုင်/ပြည်နယ်/တိုင်း အဆင့်တို့တွင် ညှိနှိုင်းကြီးကြပ်မှုကော်မတီ ဟု ခေါ်တွင်စေရမည်။” လို့သာပါရှိ ပါတယ်။ သို့ဖြစ်သဖြင့် ခရိုင်၊တိုင်း/ ပြည်နယ် မြန်မာနိုင်ငံဆရာဝန်အသင်း ဘယ်လောက်ရှိသည်ကိုလည်းဖေါ်ပြပေးပါ။ အဘယ် ကြောင့်ဆိုသော် ဆောင်းပါးရှင် နေထိုင်သော မွန်ပြည်နယ် တွင်၊ မြန်မာနိုင်ငံဆရာဝန်အသင်း (မွန်ပြည်နယ်) ဆိုတာလုံးဝ လုံးဝ မရှိပါ။ သို့ပါသော်လည်း ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင် စာအမှတ်။ ဆရ၀(ဗဟို)ကော်မရှင်/၂၀၁၃/၀၃၃ ကို၊ မြန်မာနိုင်ငံဆရာဝန်အသင်း မွန်ပြည်နယ် မော်လမြိုင် ဟုလိပ်စာတတ် ပို့ထားပါတယ်။ ဤသို့ မရှိသော အသင်းများထံ ကော်မရှင် အတွင်းရေးမှ သိရှိခြင်းမရှိဘဲ စာပေးပို့သောအခါ၊ စဉ်းစားစရာမှာ မွန်ပြည်နယ်သာမက အခြား ပြည်နယ်/တိုင်းများ ကိုလည်း မရှိသည်ကို မသိဘဲနဲ့ ဘယ်လောက် ပို့ထားသလဲ
အဲဒီလိုဖြစ်တာဟာ၊ ကော်မရှင်က အားလုံးမသိဘဲ၊ မြန်မာနိုင်ငံဆရာဝန်အသင်း ဗဟိုအမှုဆောင်အဖွဲ့က ပေးတဲ့ စာရင်းအတိုင်းသာ လုပ်ကိုင်ခြင်းလည်းဖြစ်နိုင်ပါတယ်။ ဒါတွေထက် အရေးကြီးတာက ကော်မရှင် အဖွဲ့ဝင်တွေက ဆရာဝန်ကြီးတွေ ပါမောက္ဓကြီးတွေ (၁၀)ဦးနဲ့ ဖြစ်နေပါတယ်။ ဥက္ဏဋ္ဌ လုပ်သူဆိုရင် အစိုးရအဖွဲ့မှာ ဒုဝန်ကြီးတောင် လုပ်လာခဲ့သူပါ။ ရွေးချယ်တင်မြှောက်ပွဲ ကော်မရှင်မှာလည်း အထောက်အကူပြုအဖွဲ့ ဖွဲ့ထားတာကလည်း ဆရာကြီးဆရာမကြီးတွေနဲုပါ။ သူတို့ရဲ့ (ဆမ) နံပါတ် တွေဟာ (၉၉) နဲ့ (၆၀၀၀) အတွင်းရှိတဲ့ စီနီယာကြီးတွေပါ။ ကြားက တရားခံ ဖြစ်နေမှာ သနားမှိတယ်။ ဒီကနေ့ သုံးသောင်းကျော် (ဆမ) နံပါတ်ရှင် ဆရာဝန်ကလေးတွေ မမွေးခင်ကထဲက ဆရာဝန်ဖြစ်လာသူ တွေပါ။ အသင်းရဲ့ အကြောင်း အချေအနေကို မသိဘဲ ကော်မရှင် လုပ်ရတာ သိက္ခာ မတက်ဘဲ ကျသွားမှာ စိုးရိမိပတယ်။ ဆိုတာ မေးစရာ ဖြစ်လာပါတယ်။
ဒါတင်လား? မကသေးပါဘူး။ ၂၀၀၉ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်း စာအုပ်ထဲက စာမျက်နှာ (၂၃) အခန်း (၃) အသင်းညီလာခံ ကျင်းပခြင်း အပိုဒ် (က) မှာ၊ “(၂) နှစ်ပြည့်တိုင်း အလုပ်အမှုဆောင်အဖွဲ့သစ်ကို ရွေးချယ် တင်မြှောက်ရမည်။ အသင်းညီလာခံကို အောက်တွင်ဖေါ်ပြထားသည့် ကိုယ်စားလှယ် အချိုးအဆအတိုင်း ဖွဲ့စည်းရမည်။ (၁) အသင်းသားဦးရေ (၅) ဦးအထိ ကိုယ်စားလှယ် (၁) ဦး (၂) အသင်းသားဦးရေ (၆) ဦးမှ (၁၀)ဦးအထိ နေက်ထပ် ကိုယ်စားလှယ် (၁) ဦး (၃) အသင်းသားဦးရေ (၁၁) ဦးမှ (၁၅)ဦးအထိ နောက်ထပ်ကိုယ်စားလှယ် (၁) ဦး (၄) အသင်းသားဦးရေ (၁၆) ဦးမှ (၂၀)ဦးအထိ နောက်ထပ်ကိုယ်စားလှယ် (၁) ဦ (၅) အသင်းသားဦးရေ (၂၁) ဦးမှ (၂၅)ဦးအထိ နောက်ထပ်ကိုယ်စားလှယ် (၁) ဦး (၆) အသင်းသားဦးရေ (၂၆) ဦးမှ (၃၀)ဦးအထိ နောက်ထပ်ကိုယ်စားလှယ် (၁) ဦး
(၇) အသင်းသားဦးရေ (၃၀) ဦးထက်ကျော်လျှင် နောက်ထပ်ကိုယ်စားလှယ် (၁) ဦး စသည်ဖြင့် အသင်းတစ်ခုလျှင် ကိုယ်စားလှယ် (၇) ဦးထိ ရပိုင်ခွင့် ပြဌာန်းခဲ့ပါသည်။”
ဤစည်းမျဉ်းကို ဘယ်တုံးက ဘယ်သူပြင်ခဲ့သည်မသိ၊ ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင်မှ နေပြည်တော်နှင့် ပြည်နယ်/တိုင်းဒေသကြီး မြန်မာနိုင်ငံဆရာဝန်အသင်းများသို့ ပို့သောစာ၊ စာအမှတ်။ ဆရ၀(ဗဟို)ကော်မရှင်/၂၀၁၃/၀၃၃၊ အပိုဒ် (၂) အရ “ဗဟိုဦးစီးအဖွဲ့ဝင်ကို နေပြည်တော်နှင့် ပြည်နယ်/တိုင်းဒေသကြီး ဆရာဝန်များ၊ အသင်းဝင် အလုပ်အမှုဆောင် အဖွဲ့ဝင်များမှအများသဘောတူ သည့် ပုဂ္ဂိုလ် နှစ်ဦး အားရွေးချယ်ပြီး ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင်သို့ သတ်မှတ်ထားသောနေ့ရက်မတိုင်မီ အမည်စာရင်းပေးပို့ရမည်ဖြစ်ပါသည်၊” တဲ့။
ဒါပေမဲ့ ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင် ရဲ့ လုပ်ထုံးလုပ်နည်းများ စာအုပ်မှ စာမျက်နှာ (၄)၊ အခန်း (၆) အပိုဒ် (၂)တွင် “ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များကို နေပြည်တော်နှင့် ပြည်နယ်/ တိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊
ထိုသို့ဆိုလျှင် နေပြည်တော် နဲ့ ပြည်နယ်တိုင်း (၁၄) ခုပေါင်းပြီး (၂) ဦးစီဆိုတဲ့အတိုင်း ဆရာဝန် (၃၀) ဖြင့်သာ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ လုပ်တော့မှာလား?။ ဘာရွေးချယ်စရာလိုသေးလဲ?။ (ဆမ)စာရင်း အရ ဆရ၀န် သုံးသောင်း (၃၀၀၀၀) ကျော်ထဲ ဆရာဝန်အသင်းဝင် တစ်သောင်းငါးထောင် (၁၅၀၀၀) အတွက် ဘယ်လိုဆရာဝန်မျိုး လူ (၃၀) ခေါင်းဆောင်ေ၇ွးရမှာလဲ?။
ခရိုင်နှင့်မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဆေးပညာဘာသာရပ်ဆိုင်ရာများမှ အလုပ်အမှုဆောင်များ၊ အထောက်အကူပြုကော်မတီများမှအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ တစ်သီးပုဂ္ဂလိက ကိုယ်စားလှယ်များ
မသိလို့မေးချင်တယ် ဗဟိုအလုပ်အမှုဆောင်တွေ နဲ့ ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင်ကို - နေရာတကာမှာ အလုပ်အမှုဆောင်အဖွဲ့ဝင်များ ဆိုပြီး ထဲမှ ရွေးချယ်ရမည်။” တဲ့။ ရန်ကန်သားနဲ့ မန္တလေးသူတွေဘဲ ဆရာဝန်အသင်းကို အုပ်စိုးတော့မှာလား?။
တစ်သီးပုဂ္ဂလိက ကိုယ်စားလှယ် များမှာ အမှုဆောင်အဖွဲ့ဘယ်လိုလုပ်ပြီး ဖွဲ့ကြပါသလဲ?၊ လို့။ ဘာသာရပ်ဆိုင်ရာ အဖွဲ့တွေလို တစ်သီးပုဂ္ဂလိကအဖွဲ့
ယခုလို ခေတ်ပြောင်း ဒီမိုကရေစီလမ်းသွားနေတဲ့အချိန်မှာ မဆလ၊ န၀တ၊ နအဖ တို့ထက်၊ ပိုဆိုးတဲ့လူတစ်စု လုပ်ချင်ရာလုပ်နေတာ၊ ယခုလို ဗရမ်းဗတာဖြစ်နေတာတွေကို ပညာမှာ အတော်ဆုံး၊ ဆယ်တန်းမှာ ရမှတ်အများဆုံးနဲ့ဆရာဝန်ဖြစ်လာတဲ့ မျိုးဆက်သစ် ဆရာဝန်တွေ မသိကြဘူးလား။ နိုင်ငံခြားထွက်ဖို့နဲ့ လူနာတွေဆီက ငွေရဖို့ လောက်သာ စဉ်းစားနေကြသလားမသိ။ မျိုးဆက်သစ် လူငယ်တွေကြောင့် ခေတ်ကြီးပြောင်းလာခဲ့တာ၊ ဆေးကျောင်းသားတွေ ပါခဲ့တာလည်းမေ့မထားပါနဲ့။ ဆရာဝန်အသင်းလည်း ဒီမိုကရေစီဆိုတာ ဘာလဲ သိသင့်ချိန် ရောက်နေပါပြီ။ ဆရာဝန်အသင်းမှာ ရှိနေတယ် ထင်တယ်။ အံ့သြောစရာက အဲဒါမျိုး ကမ္ဘာမရှိသေးတာဘဲ၊ မြန်မာနိုင်ငံဆရာဝန်အသင်း က ကမ္ဘာကျော်သွားပြီ။
မြန်မာနိုင်ငံဆရာဝန်အသင်း ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်း (၂၀၀၉ ခုနှစ်) စာအုပ်ရဲ့စာမျက်နှာ (၄၃)၊ အခန်း (၁၀) အထွေထွေ အပိုဒ် (၂) မှာပြောထားတာကတော့၊ “--------------- ။ လူပုဂ္ဂိုလ်ဆိုရာ၊ ရာထူး၊ ဌာန၊ ငွေကြေး အာဏာ အရှိန်အ၀ါ၊ လွှမ်းမိုးချယ်လှယ်မှု မရှိစေရ။” လို့ဆိုထားပါတယ်။ ဒါပေမဲ့ လက်ရှိ ဗဟိုဆရာဝန်အသင်း
အလုပ်အမှုဆောင်တွေ လုပ်နေတာက၊ ဒီမိုကရေစီ စနစ်ကို မသိချင်ရောင်ဆောင်ပြီး၊ မရှိစေရဆိုတာတွေ အရှိ ယူပြီး သုံးပြီး အလွဲ သုံးစား လုပ်နေတာပါ။
မျိုးဆက်သစ် လူငယ်ဆရာဝန် လို့ စည်းမျဉ်းစာအုပ် ထဲမှာ ခဏ ခဏ ထဲ့ထာတာတွေ့ပေ မဲ့၊ လူငယ်တွေဘယ်ရောက်နေသလဲမသိ၊ ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင်ထဲမှာပါတဲ့သူတွေထဲမှာ၊ အငယ်ဆုံးက (ဆမ) နံပါတ် (၁၁၅၀၀)ထိသာဖြစ်တယ်။ အဲဒီနံပါတ်တဲ့ နောက်က အသစ် တွေ မတွေ့မှိဘူး။
မြန်မာနိုင်ငံဆရာဝန်အသင်း ဆရာဝန်အားလုံးကို ကိုယ်စားပြုပြီး တကယ် အကြိုးပြု စည်းစည်း လုံးလုံး ဖြစ်စေချင်ရင်၊ လောလောဆယ် လူတစ်စုရဲ့ ချယ်လယ်မှု အောက်ကထွက်ပြီး၊ လာမဲ့ ညီလာခံအစား၊ မြို့နယ်တိုင်းမှာရှိတဲ့ ဆရာဝန်တွေ အားလုံးကို စည်းရုံးပြီး မြို့နယ်အသင်းတွေဖွဲ့၊ မြို့နယ်တွေမှတဆင့် ပြည်နယ်/တိုင်းအဖွဲ့တွေဖွဲ့၊ အဲဒီကနေ တဆင့် ဗဟိုကိုယ်စားလှယ်တွေရွေး၊ ပြီးမှ ဗဟိုအလုပ်အမှုဆောင်ရွေးဖို့ လုပ်ပါ။ အောက်ခြေမှအစပြုပြီး စည်းရုံး လှုပ်ရှား လုပ်ကိုင်ဖို့ အချိန် ရောက်နေပါပြီ။
ဒီလိုမှ မဟုတ်လျှင် မြန်မာနိုင်ငံဆရာဝန်အသင်းကြီးအပြင်၊ ဆရာဝန်သမဂ္ဂတို့၊ လူငယ်ဆရာဝန်များကွန်ယက်တို့
စသည်များပေါ်လာမည်မှာ မလွှဲမသေ ဖြစ်စရာရှိကြောင်းနဲ့ နိဂုံးချုပ်လိုက်ပါတယ်။

Tin Soe

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment