Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Sunday, 22 December 2013

မြန်​မာနိုင်​ငံပညာ​ရေးဝန်​ကြီးနှင့်​ပညာ​ရေးစီမံကိန်းနှင့်​​လေ့ကျင့်​​ရေးဦးစီးဌာနညွှန်​ကြား​ရေးမှူးချုပ်​တို့ထံအသနားခံတင်​ပြခြင်း >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

တက္ကသိုလ်​၀င်​တန်း​အောင်​မြင်
ပြီးအမှတ်​ ၄၃၀နှင့်​အထက်​ရရှိခဲ့ပြီးပညာ​ရေး​ကောလိပ်​သို့တက်​ခွင့်​မရခဲ့သူများမှာ အမှန်​တကယ်​ ပညာ​ရေး​ကောလိပ်​သို့ မတက်​​ရောက်​လိုပဲ အမှတ်​မြင့်​မားသူများမှပညာ​ရေး​ကောလိပ်​သို့​​လျှောက်​ထားခဲ့ကြသဖြင့်​ဝင်​ခွင့်​မရခဲ့ကြပါ။
    သို့​သော်​လည်းအမှတ်​မြင့်​မားသူများသည်​ ပညာ​ရေး​ကောလိပ်​သို့မတက်​ကြ​တော့ပဲ ပညာ​ရေးတက္ကသိုလ်​၊​ရေဆင်းစိုက်​ပျိုး​ရေး တက္ကသိုလ်၊နည်းပညာတက္ကသိုလ်​စသည့်​ အခြားတက္ကသိုလ်​များသို့တက်​​ရောက်​သွား ကြပြီ ဖြစ်​၍ ပညာ​ရေး​ကောလိပ်​တစ်​​ကျောင်းတွင်​ပင်​ မတက်​သူအနည်းဆုံး၆၀/၇၀ခန့်​နှင့့််​အထက့့််​ရှိ​နေပါသည်​။ ထိုသို့အမှန်​တကယ်​မတက်​လိုပဲနှင်​​လျှောက်​ထားသူများ​နေရာ တွင်​အမှန်​တကယ်​တက်​​ရောက်​လိုသူများနှင့်​ အစားထိုးတက်​​ရောက်​ခွင့်​ပြုပါက နိုင်​ငံ​တော်​​ အ​နေဖြင့်​လည်း​ကောင်း ကျွန်​​တော်​ကျွန်​မတို့ အမှန်​တကယ်​တက်​​ရောက်​လိုသူများအ​နေ ဖြင့်​လည်း​ကောင်းများစွာအကျိုး​ကျေးဇူးရှိမည်​ဖြစ်​ပါသည်​။
    သို့ပါ၍တကယ်​မတက်​​ရောက်​လိုပဲတက်​​ရောက်​ခွင့်လျှောက်​ထားပြီးမတက်​သူများ​နေရာသို့ အမှန်​တကယ်​တက်​​ရောက်​လိုသူများ အား(အမှတ်​၄၃၀​ကျော်​ပါသည်​) အစားထိုး တက်​​ရောက်​ခွင့်​ပြုပါရန်​ပညာ​ရေးဝန်​ကြီးနှင့်​ ပညာ​ရေးစီမံကိန်းနှင့်​​လေ့ကျင့်​​ရေးဦးစီးဌာန ညွှန်​ကြား​ရေးမှူးချုပ်​တို့ထံအသနားခံတင်​ပြအပ်​ပါသည်​။
    အမှတ်​၄၃၀​ကျော်​ပြီးပညာ​ရေး​ကောလိပ်​သို့ တက်​ခွင့်​မရကြသူများ

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment