Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Tuesday 24 December 2013

ကင်းစံပြကျေးရွာ နိုင်ငံတော်ပိုင်မြေအား ကိုယ်ကျိုးသုံးစွဲခြင်း >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာခရိုင် ၊ ကနီမြို့နယ် ၊ ကင်းစံပြကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ယခင် လမ်းစဉ်ပါတီခေတ် ကျေးရွာကောင်စီ ဦးမင်းဒင်နှင့် ကျောင်းအုပ်ဆရာကြီး ဦးတင်အေးတို့မှ ဦးစီးဦးဆောင်ပြီး မြို့နယ်အင်ဂျင်နီယာကိုယ်တိုင် အစအဆုံး ကြီးကြပ်ဆောက်လုပ်ကာ နိုင်ငံတော်သို့ တရားဝင် အပ်နှံခဲ့သော ကျောင်းဆောင်အမည်မှာ သိပ္ပံဆောင်ဖြစ်ပါသည်။ နိုင်ငံတော်ပိုင်ဖြစ်သော ထိုကျောင်းဆောင်မှာ ကင်းကျေးရွာ ရွာလုံးကျွတ် မီးဘေးသင့်ခံရချိန်တွင် အခြားအဆောက်အဦးများနှင့်အတူ မီးလောင်ရာပါသွားသည်မှာ သံမံတလင်းပြင်မျှသာ ကျန်ရစ်ခဲ့ပါသည်။ မီးဘေးသင့်လွန် ကျေးရွာပြန်လည် ထူထောင်ရေး ဆောင်ရွက်ရာတွင် အခြားကျေးရွာ အဆောက်အဦးများ ပြန်လည်တည်ဆောက်ခဲ့သော်လည်း ၄င်းသိပ္ပံကျောင်းဆောင် မပါရှိခဲ့ပါ။ မီးလောင်ရာ ကျန်ရှိသည့်အတိုင်း သံမံတလင်း အုတ်ခုံအတိုင်းပင် ။ ကျောင်းဆောင်အသစ် ထပ်မံတည်ဆောက်ခြင်းမရှိခဲ့ပေမယ့် ထိုသံမံတလင်း အုတ်ခုံနေရာအား နိုင်ငံတော်ပိုင် အထက်တန်းကျောင်းမြေအဖြစ် ခေတ်များပြောင်းခဲ့သော်လည်း တည်ရှိခဲ့ပါသည်။ သို့သော် ကင်းကျေးရွာနေ ယခင် နဝတအစိုးရလက်ထက် ကျေးရွာလူကြီးများဖြစ်သည့် ဦးဗိုလ်လင်းနှင့် ဦးရီတို့မှာ ၄င်းကျောင်းဆောင်ဟောင်း အုတ်ခုံနေရာတွင် ၄င်းတို့ပိုင်သဘောမျိုးနှင့် ဆိုင်ခန်းများ အခကြေးငွေယူကာ ငှားရမ်းနေပါသည်။ နိုင်ငံတော်ပိုင်မြေနေရာအား ယခုကဲ့သို့ အလွဲသုံးစား လုပ်နေခြင်းကို ရွာလုံးကျွတ် သိရှိပါသော်လည်း တစ်နိုင်ငံလုံးရှိ ကျေးရွာများအတိုင်း ရန်မီးများမည်ကို လိုလားခြင်းမရှိခြင်းကြောင့် အစဉ်အလာတိုင်း ကွယ်ရာတွင်သာ တိုးတိုးတိတ်တိတ် လက်တို့ကာ ဆိုနေတတ်ပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်ပိုင်မြေနေရာအား ကိုယ်ပိုင်မြေအဖြစ် အလွဲသုံးစားလုပ်နေသော ဦးစိန်ဗိုလ်နှင့် ဦးရီတို့အား သတင်းမီဒီယာမှတစ်ဆင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ အရေးယူပေးပါရန် ပြည်သူများ၏ နား ၊ မျက်စိ ၊ ပါးစပ်ဖြစ်သော သတင်းမီဒီယာမှ တစ်ဆင့် အသိပေးတိုင်ကြားအပ်ပါသည်။

ကျေးရွာသူ/သားများ (ကိုယ်စား)
ကျေးရွာနေပြည်သူတစ်ဦး
ကင်းစံပြကျေးရွာ၊ ကနီမြို့နယ်

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment