Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday 5 December 2013

ရှောင်လင်(ဗျောင်လိမ်)သိုင်းဆရာများ အပိုင်း ၁ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

  ရှောင်လင် (ဗျောင်လိမ်)သိုင်းဆရာများ
ဘွဲ့ချီးမြှင့်ထိုက်သော မူဆယ်မြို့မှအကောက်ခွန်အရာရှိတချို့  (အားလုံးကိုမရည်ရွယ်ပါ သက်ဆိုင်သူကသိပါတယ်)။
                 ရေးရပြန်ပြီဗျာ ကျောင်းတုန်းကစာရေးပျင်းခဲ့သမျှ အခုတော့ဗျောင်လိမ်သမားတွေနဲ့တွေ့တော့ ရေးမှအများပြည်သူတွေ အမှန်အတိုင်းသိကြမှာမို့ ရေးရပြန်တာပါ။
                   သိပြီးကြတဲ့အတိုင်းဘဲ ကျွန်တော်တို့ကား  ၁၁  စီးကို  ၁၀၅  မိုင်စစ်ဆေးရေးဇုံမ၀င်ခင် ညကြီးအချိန်မတော် လုပ်ပိုင်ခွင့်နဲ့အာဏာကိုဇွတ်အသုံးချပြီး မတရားဖမ်းဆီးပစ်ဒါဏ်ပေး ဒါင်္ဏငွေတွေ ရိုက်လုပ်ပြီးတာတောင်မှ သက်သေခံပစ္စည်းတွေမတင်ပြဘဲ အကောက်ခွန်ဥပဒေနဲ့ ခွဲခြားပြီးအရေးယူတယ်တဲ့
                       ဒီတော့ မသိလို့မေးပါရစေ အကောက်ခွန်ဥပဒေဆိုတာကြီးက နိုင်ငံတော်ဥပဒေထဲမှာ အကျုံးမ၀င်ဘူးလား  ?
                       အဲဒီလိုဆိုယင် နိုင်ငံတော်ထဲမှာ သီးခြားဥပဒေနဲ့ ရပ်တည်တယ်ဆိုယင်တော့ အရပ်သားနားလည်တာက အိမ်ကြီးထဲမှာအိမ်ငယ်ထပ်ဆောက်နေတာ
လှေကြီးပေါ် လှေငယ်တင်တယ်လို့ဘဲနားလည်မိတယ်။
                     ဟုတ်တယ်လေ စဉ်းစားကြည့်စမ်းပါ ကားဆိုတာ သက်မဲ့စက်ပစ္စည်းလေ မောင်းသူရှိမှ နေရာရွေ့နိုင်မှာပေါ့ သူ့ဟာသူဆိုယင် တောင်ဆင်းမှာရပ်ထားမှ လိမ့်နိုင်မှာလေ အခုတော့ မူဆယ်ကနေ  ၁၀၅  မိုင်ဆိုတာ နဲတဲ့တောင်တက်ကြီးမဟုတ်ဘူး။
                       ပြီးတော့ ဒရိုင်ဘာနဲ့ စပါယ်ယာလေးတွေ ကဒီကားမောင်းမိလို့ လိုက်မိလို့ ဒီအမှုထဲပါလာတာ တခြားမှာလုပ်နေယင်ဘယ်လိုလုပ်ပါလာမှာလဲ  အခုတော့ ကားနဲ့တခြားစီခွဲပြီး အရေးယူတယ်တဲ့ သဘာဝမကျလိုက်တာ လုပ်ပိုင်ခွင့်ကိုအသုံးချပြီး ညစ်ပတ်လိုက်တယ်လို့ဘဲပြောရမှာဘဲ။
                      အခုလဲဗျောင်လိမ်နေကြတာ အချိန်ဆွဲပြီး တဖက်သားဒုက္ခရောက်အောင် လုပ်နေကြတာဘဲ နားထောင်ကြည့်ဖတ်ကြည့်ကြပါ သူတို့အကောက်ခွန်တချို့ရဲ့  ယုတ်မာထားတာတွေကျွန်တော်ပြန်ရေးပြမယ်
                     အခုဆိုယင်ကားတွေကိုမတရားဖမ်းထားတာ ရက်ပေါင်း  ၁၀၀  ကျော်သွားပြီ မြို့နယ်တရားရုံးကလဲ တရားလိုပြသက်သေတွေရဲ့ မခိုင်မာ မကျစ်လစ်တဲ့ ထွက်ဆိုချက်တွေ ကြားထဲက အပြစ်ပေးပြီးပြီ ဒါတောင်ဒီနေ့ထိ ကာစတန်ဥပဒေကြီးနဲ့ မတရားအရေးယူထားတဲ့ ကားတွေအတွက် ကာစတန်ဌာနရဲ့  အထက်/အောက် ကိုမေးမြန်းစုံစမ်းတော့ တဖက်နဲ့တဖက်လွှဲချပြီးအချိန်ဆွဲနေကြတယ်

           နောက်နေ့ဆက်ဖတ်ပါရန်

              စိုင်းသိန်းလွင်
          ၁၃/ကမန(နိုင်) ၀၅၈၂၁၇
           ၀၉၄၀၂၆၁၂၅၈၇
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment