Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Monday 16 December 2013

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင်ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ မလိုအပ်တော့ပြီလား >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ညောင်ရမ်း အ.ထ.က မှာ ယခုနှစ် အောက်တိုဘာလထဲမှာ ကျောင်းသား(၄)ဦး အရက်သောက်လို့ အရပ်ကလာတိုင်တဲ့အတွက် ကျောင်းစည်းကမ်းထိန်းသိမ်းေ
ရအဖွဲ့နဲ့ စစ်ဆေးတဲ့အခါ အရက်သေစာသောက်စားတာ ၄င်းတို့ကိုယ်တိုင် ဝန်ခံပြောဆိုတာကြောင့့် ကျောင်းသားတွေကို ကျောင်းစည်းကမ်းအရ မိဘတွေထံပြန်လည် အပ်နှံခဲ့ပါတယ်။မိဘတွေက ဒီဆောင်ရွက်ချက်ကို မကျေနပ်လို့ မြို့နယ် T.E.O ရုံးကို မမှန်မကန်ပြောကြားပြီး လိမ်လည်၍ တိုင်ခဲ့ပါတယ်။
မိဘတွေက မမှန်မကန် လုပ်ကြံပြောကြားပြီး ဆရာတွေနဲ့ကျောင်းဂုဏ်သိက္ခာ ကျဆင်းအောင် လိမ်တိုင်ခဲ့တာပါ။ ဒါကို မြို့နယ် T.E.O ရုံးမှ တိုင်ကြားစာနဲ့ ပတ်သတ်ပြီး မှန်ကန်မှုရှိမရှိ နှစ်ဦးနှစ်ဖက် တွေ့ဆုံပြီး အဖြစ်မှန်ကို သိရှိအောင် လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ မိဘတွေအပြောနဲ့ တစ်ဖက်သတ် အမှန်ယူပြီး ကျောင်းစည်းကမ်းဖောက်ဖျက်တဲ့ ကျောင်းသားတွေကို ပြန်လည်လက်ခံဖို့ စာထုတ်ပြီး ညွှန်ကြားလာပါတယ်။ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဆောင်ရွက်မှု အရာမထင် သဲထဲရေသွန်သလိုပါ။ ယမန်နှစ်ကလည်း ကျောင်းသူတစ်ဦးကို ကျောင်းသားတစ်ဦးက ကာအိနြေ္ဒပျက်အောင်လုပ်လို့ ကျောင်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က ကျောင်းသားအပြစ်ရှိလို့ သူ့မိဘထံ ပြန်အပ်ခဲ့တယ်။
အဲဒီ အဖြစ်အပျက်လဲ မြို့နယ် T.E.O ရုံးက ကျောင်းသားပြန်လက်ခံခိုင်းလို့ ကျောင်းမှာ ပြန်လက်ခံခဲ့ရပါတယ်။ ကျောင်းသူနစ်နာတယ်။ ကျောင်းသားဘာမှအပြစ်မဖြစ်ဘူး။ ဒီအတိုင်းသာဆို ရှေ့လျှောက် ကျောင်းမှာ ဘာပြဿနာဖြစ်ဖြစ် T.E.O ရုံးဘဲ လွှတ်ပြီး အဲဒီက ညွှန်ကြားချက်အတိုင်း လုပ်ရတော့မဲ့ကိန်းဘဲ။ “ အမျိုးသားစည်းကမ်းကအစ စာသင်ကျောင်းက ” ဆိုတဲ့ ကျောင်းဆိုင်းဘုတ်ကြီးကိုတော့ လေးစားအားနာဖို့ ကောင်းနေပြီ။ ဒီနေ့အထိ ကျောင်းစည်းကမ်းထိန်းသိမ်းရေး အဖွဲ့ကိုယ်တိုင် ကျောင်းထုတ်တဲ့ ကျောင်းသား/ကျောင်းသူ တစ်ဦးမှ မရှိခဲ့ပါ။
“ ဥပဒေအထက်မှာ မည်သူမျှမရှိ ” ဆိုပေမဲ့ ညောင်ရမ်း အ.ထ.က ကျောင်း အထက်မှာတော့ --?--?--?--?-- ရှိနေသည် ဆိုရတော့မလို ဖြစ်နေပြီ။
ဒီအဖြစ်အပျက်တွေ ရှေ့လျှောက် ဒီလိုဘဲ ရင်ဆိုင်နေရမယ်ဆိုရင် ကျောင်းစည်းကမ်းထိန်းသိမ်းရေး အဖွဲ့အနေနဲ့ များစွာ စိတ်ပျက်နေရတဲ့ ညောင်ရမ်း အ.ထ.က ကျောင်းအကြောင်း နိုင်ငံတော် သမ္မတကြီးနဲ့ ပညာရေးဝန်ကြီးတို့ သိသာမြင်သာအောင်နဲ့ လိုအပ်ချက်တွေ ရှိနေရင်လည်း ပြုပြင်ဆောင်ရွက်ပေးကြဖို့ အကြံပြု တင်ပြလိုက်ပါတယ်။ ။
ဆရာတစ်ဦး

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment