Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Tuesday 3 December 2013

မင်းကင်းမြို့နယ်မှအခမဲ့ကွန်ပျူတာသင်တန်းဆင်းပွဲ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မင်းကင်းမြို့နယ် ရှားတော အ့ ထ့ က ခွဲ
ကျောင်းသား/သူ၊ဆရာဆရာမများ ပါဝင်သော ကွန်ပျူတာသင်တန်းကို သင်တန်းသား(၇၂)ယောက် တို့အား မင်းကင်းမြို့ ချမ်းမြေ့စည်ပညာရေး ဖောင်ဒေးရှင်း တည်ထောင်သော ချမ်းမြေ့စည်ဆရာတော်နှင့်အတူ-
မင်းကင်းမြို့နယ် အုပ်ချုပ်ရေးမှူး မြို့နယ်စည်ပင်ကော်မတီ ဥက္ကဌ၊ လ၀က ဒုဦးစီးမှူး ၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံဦးစီးမှူး တက်ရောက် လျှက် သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ကြသည်။
ချမ်မြေ့စည်ဆရာတော်မှ သြ၀ါဒပေးရာ
လူမှုရေး ပါတီရေး နိုင်ငံရေးလုပ်တဲ့သူ တွေသတိထားစရာက မြန်မာဟာဗုဒ္ဓဘာသာဖြစ်တာကြောင့် လူ့အခွင့်အရေးကို အမျိုးရေး ဘာသာ ရေးရဲ့အထက်ကိုမရောက်အောင်သတိ ထားပြီး လူ့အခွင်အရေးတောင်းကြဖို့
အမျိုးသားရေးဘာသာရေးချစ်တတ် မြတ်နိုးတတ်ဖို့. ပညာကိုကျိုးစားပြီးသင်
ကြားကြရန် ကွန်ပျူတာပညာဆိုတာ ဘယ်တော့မှမဆုံးနိုင်ဘူး ဒါကြောင့် ပညာရေးကိုကြိုးစားကြပါ မိဘများကလဲ အားပေးကြပါလို့ တိုက်တွန်းခဲ့ပါသည်။
ချမ်းမြေ့စည်ပညာရေးဖောင်ဒေးရှင်

ဆရာတော်သည် တက္ကသိုလ်ဝင်တန်း ထူးချွန်ကျောင်းသားများအား ဆေး တက္ကသိုလ်ကျောင်းအား တစ်နှစ်ကို ပညာသင်စားရိတ် ၃၀၀၀၀၀ ကျပ်။
ဘီအီးဒီကျောင်သားအား တစ်နှစ်ကို
၁၀၀၀၀၀ ကျပ်။ ၂၀၁၂-၂၀၁၃ ပညာ
သင်နှစ်က န၀မတန်း ပညာသင်ဆု (၃) ဦး။၂၀၁၃-၂၀၁၄ပညာသင်နှစ်မှာ န၀မတန်း(၃)ဦး တက္ကသိုလ်ဝင်တန်း (၃)ဦးတို့ကို ပညာသင်စားရိတ်ထောက်ပံ့နေသည်။
အခမဲ့ရွေ့ရှား ကွန်ပျူတာသင်တန်ကို
ယခု ရှားတော အထက ခွဲတွင် အပတ် စဉ်(၅)ဖြင့် သင်ကြားခဲ့ရာ စုစုပေါင်း သင်တန်းသား ၃၆၆ ဦးအထိ သင်ကြား
ပေးခဲ့ပြီးဖြစ်ပါသည်။
ဒီဇင်ဘာလ(၁၆)ရက်တွင် ကြီတောင်ဦး
ကျေးရွာ အတွက် အပတ်စဉ်(၆)။
မတ်လတွင်မင်းကင်းမြို့တွင် အတွက်
အပတ်စဉ်(၇)။မေလတွင် ကြွေကျေးရွာ
အ တွက် ရှေ အပတ်စဉ်(၈)စသည်ကို
လှည့်လယ်သင်ကြားပေးလျက်ဖြင့
မင်းကင်းမြို့အတွက်ကြီုးစားနေသည်ဟု
သတင်းရရှိသည။်

ပြည်သူတစ်ဦး

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  

No comments:

Post a Comment