Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 28 December 2013

ရွာသစ် ကြီးကရဲ တွေ၊ခပ်ကွင်း ပြင် လို့ ကောင်း တုံး ။ စိတ္တဇ လူသတ်သမားကလည်း ပုန်းလို့ ကောင်း တုံး >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

   စစ်ကိုင်း မြို့နယ်၊ ငတ ရော် ကျေးရွာမှာ လွန်ခဲ့တဲ့ တန် ဆောင်မုန်းလပြည့် နေ့က အုပ်ချုပ် ရေးမှုးကိုဓါးနဲ့ခုတ်သတ်တဲ့အပ်ြင ကျောင်း ထိုင် ဆရာတော်ကိုပါ ဓါးနဲ့ခုတ်ပြီး
တိမ်း ရှောင် နေတဲ့ စိတ္တဇလူသတ်သမားကို တစ်လခွဲကြာတဲ့အထိ မဖမ်းနိုင် သေး ကြောင်း သိရပါတယ်။
          င တ ရော် ဘုန်း တော်ကြီး ကျောင်း မှာ ဆရာ တော် ဦးဇဝန သီတင်း
သုံးပါတယ်။ အကျင့် သီလ ကောင်းပြီး အားထုတ်မှုလည် ကောင်း တာမို့။ထူးခြားတဲ့
ဆရာ တော် တစ်ပါးဖြစ်ပါတယ်။ဆရာ တော်ရဲ့ ဂုဏ်သတင်း ကြောင့် ရပ် ဝေးရပ်နီးက
ကိုးကွယ်သူ တွေ ပေါလှပါတယ်။အဲဒီ တော့ အခုမှ ၁၀ ရက် လောက် တရားအားထုတ်
ပြီး ခပ် ကြောင် ကြောင်ဖြစ် နေတဲ့ င တ ရော်သား အောင်နိုင်ဦးက ဆရာ တော်ကို အ
ငြှိုးထားပြီး  ဆရာ တော်ကို ဓါးနဲ့ ရန်ပြုဖို့ ကြိုးစားခဲ့လို့ ကျေးရွာအုပ်ချုပ် ရေးမှုးဦးေ
ကျော်ခိုင်က ခံဝန်ထိုးခိုင်း ခဲ့ရတယ်။
          အဲဒီ တော့ သူသာတရားထူးရတာမို့ ဆရာ တော်ကို အရှင် မထားဘူးဆိုပြီးတန်
ဆောင်မုန်းလပြည့် နေ့မှာ ဆရာ တော်ကိုသတ်ဖို့ ထွက်လာပါ တော့တယ်။ လမ်းမှာ တွေ့တဲ့ အုပ်ချုပ် ရေးမှုးကို ဓါးနဲ့ခုတ်သတ်ခဲ့တယ်။ ဘုန်းကြီး ကျောင်းထဲဆက်ဝင် သွား
ပြီး ဆရာ တောာ် သံဒုတ်နဲ့အရင် ရိုက်ပြီး ဓါးနဲ့ဆက်ခုတ်တယ်။ ၃ ၊၄ ချက် လောက်ထိ
ထားတဲ့ ဆရာ တော်ကို အပြင် ဆွဲထုတ်ပြီး မ သေ မချင်း အချက် ၂၀ လောက်ဆက်
တိုက်ခုတ် ပေမဲ့ ဆရာ တော်ရဲ့ သီလ တန်ခိုး ကြောင့် တစ်ချက်မှ ထပ်မထိ တော့ဘူး။
အဲဒီ တော့ ဝင် ဆွဲတဲ့ ဦးဇင်း ကပ္ပိယ တွေကိုပါ ဆက်ခုတ်ပြီး ထွက် ပြေးသွားတယ်။
          လူသတ်သမားဟာ ရွာနီးချုပ်စပ် မှာဘဲရှိ နေ ကြောင်း ရဲစခန်းကို သတင်း ပေး
ပေမဲ့ မဖမ်းဆီး သေးပါဘူး။*"ခပ်ကွင်းပြင် လို့မပြီး သေးဘူးထင်ပါရဲ့ "*
          ရဲ တွေကသာ ခပ်ကွင်းပြင်လို့ မပြီး သေး ပေမဲ့ င တ ရော် နဲ့ နီးနားရွာ တွေက
ရွာသား တွေခမျာ ကျီးလန့်စာစား နဲ့ အလုပ်အကိုင် မ ဖြောင့် ကြ တော့ပါဘူး။
          ထွက် ပြေးတဲ့တရားခံကို နယ်စပ်အထိ မိ အောင် လိုက်ဖမ်းခဲ့ ရဲတပ်ဖွဲ့ရဲ့ ပြောင်
မြောက်တဲ့ ဂုဏ်သိက္ခာ ဟာ  ရွာသစ်ကြီး ရဲ တွေ ကြောင့် ကျဆင်း နေရ ကြောင်း စစ်
ကိုင်း ရဲချုပ်ကြီး သိ စေအပ်ပါတယ်ခင်ဗျား၊။          
စိတ္တဇ လူသတ် သမားကို ကြောက် နေရတဲ့
င တ ရော် နီးနား ရွာသားများ

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment