Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Monday 23 December 2013

ဧရာဝတီတိုင်းဒေသကြီးရပ်ရွာအုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ဟောင်း တို့ရဲ့ လူမှုရေးမပြေလည်မှုကြားမှာ ရွာသူရွာသားတွေက မြေစာ ပင်ဖြစ်နေ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ကျွန်တော်ကဧရာဝတီတိုင်းဒေသကြီး မြစဝကျွန်းပေါ်ဒေသကပါ  သက်ဆိုင်ရာကတာဝန်ရှိသူတွေကို သိစေချင်လို့ပါ ကျွန်တော်တို့ရွာမှာ အရင်နှစ်ကဆိုရင်ဘဏ်ငွေကိုလူတို
င်းထုတ်သုံးကြပါတရ် ကိုင်းမရှိတဲ့သူတွေ လက်လုပ်လက်စားဆင်းရဲသားပြည်သူတွေ ပါထုတ်သုံးလို့ရတော့တော်တော်အဆင်ပြေကြပါတရ် ဒီနှစ်တော့ ကျေးရွာအုပ်ချုပ်ရေးမှုးနဲ့ ကျွန်တော်တို့ရွာက ရာ အိမ်မှူးနဲ့အဆင်မပြေတော့ အုပ်ချုပ်ရေးမှူးကရာအိမ်မှူး အသစ်ပြောင်းတရ် ဗျ။အရင်ရာအိမ်မှူးနဲ့က ရွာကကိုင်းမရှိသူတွေကော ရှိသူတွေကော အားလုံးဘဏ်ငွေသုံးရတရ် ခုရာအိမ်မှူးအသစ်နဲ့ မှ ဘယ်လိုတွေဖြစ်လဲတော့မသိပါဘူး။အရင်နှစ်က ဘဏ်သုံးတဲ့သူတွေလည်း ၁၀ ဧကရှိရင် ၅ ဧကပဲထုတ်ပေးမယ် အရင်နှစ်တွေကဘဏ်ငွေမသုံးတဲ့ ကိုင်းတကယ် ရှိတဲတောင်သူတွေကျတော့လည်းမနှစ်ကမထုတ်လို့ဒီနှစ်ထုတ်မပေးဘူးတဲ့ဗျာ။အဲ့ဒါကို မကျေနပ်လို့ သွားတိုင်ရင် အဲ့ဒိရွာတစ်ရွာလုံးကို ဘဏ်ငွေလုံးဝထုတ်မပေးဘူးတဲ့။ကျွန်တော်တို့ကျေးရွာမှာဆိုရင်ဘဏ်ငွေကိုအားကိုးပြီး  ဆန် တို့ဆီတို့ ပြီးတော့ကိုင်းဆင်းစရိတ်တို့ ကို ငွေတိုးနဲ့ယူသုံးနေတဲ့ ကိုင်းသမားတွေဘက်ကိုလည်းလူသားချင်းစာနာကြပါဦးလို့ ပြောပါရစေ။ ကျွန်တော်တို့ရွာဟာ အရင်ကဆိုရင်းကိုင်းဧကပေါင်းများစွာနဲ့ လုပ်စားမြေပေါတဲ့ရွာပါ ခုတော့ ကိုယ်အကျိုးပဲကိုယ်သိတဲ့ ကျောက်ဒိုင် လုပ်ငန်းရှင်တွေရဲ့အတားအဆီးမဲ့ ကျောက်စုပ်လုပ်ငန်းတွေကြောင့် ကိုင်းတွေလည်းကမ်းထဲပါ သဲတွေဖုံးနဲ့ ကျေးရွာမှာပညာတတ်တစ်ယောက်ထွန်းကားဖို့အတွက်တောင်မိဘတွေအတော်ရင်လေးနေရတဲ့အနေအထားပါ။ရပ်ရွာအုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ဟောင်း တို့ရဲ့  လူမှုရေးမပြေလည်မှုကြားမှာ ရွာသူရွာသားတွေက မြေစာ ပင်ဖြစ်နေပါတရ်။ အဲ့ဒါကြောင့် သက်ဆိုင်ရာလူကြီမင်းများအနေနဲ့  ကျွန်တော်တိုဧရာဝတီတိုင်းဒေသကြီးမြန်အောင်မြို့နယ် ပဲတခွဲရေလယ်ကျွန်း(၂) ကျေးရွာမှပြည်သူများကို ကူညီကြပါဦးလို့  ကျွန်တော် က ရွာသူရွာသားများကိုယ်စား တင်ပြပါရစေ

ရွာသားတစ်ဦး

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment