Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Monday 23 December 2013

ပန်းတနော်မြို့နယ် ကျုံတုံးကြီးအုပ်စု ရွာသာကြီးကျေးရွာ ချောင်းရိုးမှဗေဒါများဖယ်ရှားပေးစေလို >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ပန်းတနော်မြို့နယ်ကျုံတုံးကြီး
အုပ်စု ရွာသာကြီးကျေးရွာသည်မရမ်းချောင်းပေါ်တွင်တည်ရှိနေသောကျေးရွာတစ်ရွာဖြစ်ပါသည်
 ကျေးရွာ၏အဓိကလိုအပ်သောသောက်ရေ သုံးရေကိုထိုချောင်းရိုး မှပင်ရယူသုံးစွဲခဲ့ကြရ
ပါသည်
 လွန်ခဲ့သော၁၅နှစ် ခန့်မှစ၍ ရန်ကုန်ဝါးခယ်မ ကားလမ်းဖေါက်လုပ်ခဲ့ရာ အဆိုပါ ချောင်းရိုး
ကိုတံတားတည်ဆောက်၍ဖြတ်သန်းခဲ့ပါသည်
နောက်နှစ်အနည်းငယ်တွင်အဆိုပါတံတား၏
အရှေ့ဘက်ကိုက်၁၅၀ခန့်အကွာတွင်တမံတစ်ခုတည်ဆောက်ကာချောင်းရိုးအားဖြတ်
ပိတ်ခဲ့ပါသည်
ထိုအခါချောင်းရိုးအတွင်းရေစီးဆင်းမှုမရှိတော့ပဲဗေဒါနှင့်အခြားအပင်အနှံများ/အမှိုက်
သရိုက်များဖေါင်ဖွဲ့၍ ကြီးထွားလာခဲ့ရာ ယခု
ဆိုလျှင် ရေပင်မမြင်ရတော့ပါ
နှစ်စဉ် ကျေးရွာသူကျေးရွာသားများမှ
အာဏာပိုင်အဖွဲ့အစည်း များ၏ဦးဆောင်မှု
ဖြင့်ရှင်းလင်းခဲ့ပါသော်လည်း
လူအင်အား နည်းချင်း စက်ပစ္စည်မရှိခြင်း
ငွေကြေးမတက်နှိင်ခြင်းတို့ကြောင့် မအောင်
မြင်ခဲ့ပါ
နိုင်ငံတော် သမ္မတကြီး နှင့်သက်ဆိုင်ရာလူ
ကြီးမင်းများခင်ဗျာ
ယခုလက်ရှိအချိန်တွင်အဆိုပါရေသည်
ရေပုတ် အဆင့်သို့ရောက်ရှိနေပါသည်
ရေရှည်တွင်ထိုရေကြောင့်ကျန်းမာရေးနှင့်အ
ခြားမလိုလားအပ်သောဘေးဒုက္ခများကိုကျွန်တော်တို့ခံစားရပါတော့မည်
ထိုအပြင် ထိုချောင်းရိုး ထဲမှအဆိပ်ရှိသတ္တဝါ
များကုန်းပေါ်တက်လာနှိင်ခြင်း  ခြင်များခိုအောင်းခြင်း  မီးဘေးအန္တရာယ်ကျ
ရောက် လာပါက အလွယ်တကူရေအသုံးပြုမရခြင်းများကြုံတွေ့နေရပါသည်
သို့ပါ၍ကျွန်တော်တို့ဒေသ၏ အခက်အခဲကို
သနားသဖြင့် ဖြေရှင်းဆောင်ဆောင်ရွက်ပေးပါရန်လေးစား
စွာဖြင့်တင်ပြအပ်ပါသည်


ရွာသာကြီးသား လေးကိုဌေး
ပန်းတနော်မြို့နယ်

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment