Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Sunday 8 December 2013

ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် မှကျေးရွာချင်းဆက်လမ်းဖြစ်မြောက်ရေးအတွက် အကူအညီတောင်းခံခြင်း >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

သို့
ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဆပ်ကော်မတီ နှင့် ကော်မတီဥက္ကဌ ဦးတင်ငွေ ထံသို့ ကျေးရွာချင်းဆက်လမ်းဖြစ်မြောက်ေ
ရးအတွက် အကူအညီတောင်းခံခြင်း

လေးစာအပ်ပါသော ကော်မတီ ဥက္ကဋ္ဌကြီးနှင့်တကွ ကော်မတီဝင်များခင်ဗျား

ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် ကမာကလူကျေးရွာအုပ်စု ကျေးရွာခွဲ ကမာကယာကျေးရွာသည် အိမ်ခြေပေါင်း (၉၅)အိမ်နှင့် လူဦးရေ စုစုပေါင်း(၅၇၀)ဦးခန့် နေထိုင်သော ရွာခွဲ တစ်ရွာ ဖြစ်ပါသည်။စတုတ္ထတန်းအထိ ပညာသင်ကြားပေးသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိပါသည်။သာမဏေ/ကျောင်းသား/ကျောင်းသူပေါင်း (၁၁၀)ခန့် ပညာသင်ကြားလျှက်ရှိပါသည်။ကမာကယာ ဘ/က မှ စတုတ္ထတန်းအောင်ပြီးလျှင် ကမာကလူကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းးသို့ ပဉ္စမတန်းမှ သတ္တမတန်းကို ၎င်းရွာချင်းဆက်လမ်းမှ သွားရောက် ပညာသင်ကြရပါသည်။ခရမ်းမြို့နယ် အထက်တန်းကျောင်းကိုလည်း ကျောင်းသားကျောင်းသူများက ၎င်းရွာချင်းဆက်လမ်းမှ သွားရောက်ပညာသင်ကြရသောကြောင့် ပညာရေးအတွက် အရေးပါသော ဆက်သွယ်ရေးလမ်းဖြစ်ပါသည်။ကမာကယာကျေးရွာသည် ရွှေလှေ-မောင်းမ-ခရမ်း ဆက်သွယ်ရေးလမ်းမကြီးနှင့်လည်း ဆက်စပ်လျှက်ရှိသော်လည်း ၎င်းလမ်းမကြီးသို့ ဆက်သွယ်ထားသော လမ်းမရှိသဖြင့် ယခုတင်ပြသော ကမာကလူကျေးရွာနှင့် ရွာချင်းဆက်လမ်းကိုသာ ရဟန်းရှင်လူ ပြည်သူအများက အသုံးပြုနေရပါသည်။မိုးတွင်းအခါရောက်လျှင် အလွန်ဆိုးရွားပြီး သွားရေးလာရေး ခက်ခဲလျှက်ရှိပါသည်။ကျေးရွာမှ ကျန်းမာရေးနှင်းပက်သက်ပြီး ဆေးရုံ ဆေးခန်းသွားရာမှာလည်း အခက်အခဲများတွေ့ရပါသည်။မိုးတွင်းအခါမှာ ရေကြောင်းမှလည်း သွားလာလို့ မရနိုင်သောကြောင့် ဥတုသုံးပါးစလုံး ၎င်းလမ်းကိုသာ အသုံးပြုနေရပါသည်။ရွာတွင်းလမ်းကိုမူ ကျေးရွာမှ ရွာသူ ရွာသားများစုပေါင်းငွေများဖြင့် ပေ(၁၈၀၀)ခန့် ခင်းခဲ့ပြီး ၎င်းရွာချင်းဆက်လမ်းကိုမူ အုတ်ကျိုး ငွေကျပ်(၂၇)သိန်းခန့်ဖြင့်  ခင်းထားပြီးဖြစ်ပါသည်။သို့သော် ကျေးရွာသူ ကျေးရွာသားများအနေဖြင့် လက်လုပ်လက်စားဦးရေသည် (၈၅)ရာခိုင်နှုန်းခန့် ရှိပါသောကြောင့် စီးပွားရေးအခြေအနေအရ ဆက်လက် မခင်းနိုင်ပါသောကြောင့် ယခုကဲ့သို့ အကူအညီတောင်းခံရခြင်းဖြစ်ပါသည်။ကမာကလူကျေးရွာ ချောင်းကိုမူ ယခင်သစ်သားတံတားကို စေတနာရှင်တစ်ဦးက ငွေကျပ်သိန်း(၃၀၀)ခန့်အကုန်အကျခံကာ လှူဒါန်းပီးဖြစ်ပါသည်။သို့သော် ကျန်ရှိနေသေးသောရွာတွင်း ပေ(၁၀၀၀)ခန့်နှင့် ၎င်းရွာချင်းဆက်လမ်း ပေ(၅၅၀၀)ဝန်းကျင် အားဆက်လက်ခင်းကျင်းဆောင်ရွက် ပေးနိုင်ပါရန် ရွာဦးဆရာတော်နှင့် ရွာသူ ရွာသားများမှ ယခုကဲ့သို့ အကူအညီတောင်းခံရခြင်းဖြစ်ပါသည်။သို့ဖြစ်ပါသောကြောင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာဆပ်ကော်မတီ ဥက္ကဋ္ဌဦးတင်ငွေ နှင့်တကွ ကော်မတီအဖွဲ့ဝင်များမှ ကမာကယာကျေးရွာ၏  ပညာရေး/စီးပွားရေး-ကျန်းမာရေးတို့ကို စောင့်ရှောက်သောအားဖြင့် ဤလမ်းအား ဖြစ်မြောက်အောင် ဆောင်ရွက်ပေးပါရန် ရွာဦးဆရာတော် ဦးသုဇာတ နှင့် ကျေးရွာသူ ကျေးရွာသားများမှ အကူအညီတောင်းခံအပ်ပါသည်။

ဆက်သွယ်ရန်
ဆရာတော်ဦးသုဇာတ
၀၉၈၆၃၆၀၁၂

ရပ်ရွာအကျိုးတော်ဆောင်
ဦးအေးဝင်း
၀၉၄၉၃၁၉၉၁၅
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  

No comments:

Post a Comment