Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Monday 9 December 2013

အတိတ်၏ဖျောက်ဖျက်မရသောစာမျက်နှာတခုမှသည်လွမ်းရပါသောဗိုလ်ချုပ်အောင်ဆန်းသို >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယအဆင့်ဆုရရှိသည့် ဦးလှရှင်းကို ၈.၆. ၁၂၈၉
ခုနှစ်တွင် ၀ါးခယ်မမြို့  ဘုရားကြီးရပ်တွင်ဖွါးမြင်ခဲ့သည်
။ဦးလှရှင်းသည်
တိုင်းပြည်နှင့်လူမျိုးလွတ်လပ်မှုအတွက် မြန်မာနိုင်ငံအတွင်းသို
့တိုင်းတပါးမှ နယ်ချဲ
့ရန်သူများချဉ်းနင်းဝင်ရောက်၍အနှစ်တစ်ရာနီးပါးမြောက်ချုပ်ခြယ်စိုးမိုး
ခဲ့ သည်ကိုလည်းကောင်း ထို့ နောက်တဖန် ဖက်ဆစ်ရန်သူများ
မြန်မာနိုင်ငံအတွင်းသို့  လေးနှစ်လေးမိုးတိုင်တိုင် ဖိနှိပ်ညှင်းပန်းခဲ
့သည်ကိုလည်းကောင်း
ကိုယ်ထိလက်ရောက် မျိုးချစ်စိတ်ထက်သန်စွာဖြင့် သက္ကရာဇ် ၁၉၄၂ ခုနှစ်မှ ၁၉၄၅
ခုနှစ်အတွင်း စစ်ရေးသို့ မဟုတ်နိုင်ငံရေးအားဖြင့်တိုက်ခိုက်တော်လှန်
ခဲ့ ကြရာတွင် ကိုယ်ကျိုးမဘက် တိုင်းပြည်နှင့်လူမျိုးလွတ်လပ်ရေးအတွက်
ပါဝင်တိုက်ခိုက်တော်လှန်ခဲ့ သည့်အားလျှော်စွာ ဦးလှရှင်းအားလွတ်လပ်ရေး
မော်ကွန်းဝင်းဒုတိယအဆင့်အဖြစ် စစ်သေနာပတိချုပ် ဗိုလ်ချုပ်အောင်ဆန်းမှ
ယခုတင်ပြလိုက်သောဆုလက်မှတ်နှင့်ဂုဏ်ထူးဆောင်ဆုတံဆိပ်ကိုဦးလှ
ရှင်းအားချီးမြှင့်ခဲ့ ပါသည်။ဦးလှရှင်းသည် မျိုးချစ်ဗမာ့တပ်မတော်
တိုင်းအမှတ်-၆ ဖက်ဆစ်တော်လှန်ရေးအရေးတော်ပုံတွင်ထိုဂုဏ်ထူးဆောင်လက်မှတ်ကိုရရှိခဲ
့ခြင်းဖြစ်ပြီးလွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်
အသိအမှတ်ပြုပြီး ဂုဏ်ထူးဆောင်လက်မှတ်တွင်ဗိုလ်ချုပ်အောင်ဆန်းက
ကိုယ်တိုင်လက်မှတ်ရေးထိုးပေးခဲ့ ခြင်းဖြစ်သည်။ထိုသို့ ဆုချီးမြှင့်ခဲ
့ခြင်းကို ဗိုလ်ချုပ်နေ၀င်းမှထပ်ဆင့်မော်ကွန်းတင်ထားကြောင်းကိုလည်းစာရွက်စာတမ်းနှင့်တကွတင်ပြလိုက်ပါသည်။ဦးလှရှင်းသည်
နိုင်ငံတော်မှပေးသည့်ပင်စင်ကိုရယူပြီးနောက် မကွေးတိုင်းဒေသကြီး စလင်းမြို
့နယ် ဆင်ဖြူကျွန်းမြို့ ပြန်လွင့်ရပ်
တွင်နေထိုင်ရင်း ၂၀၀၈ ခုနှစ်တွင်ကွယ်လွန်အနိစ္စရောက်သွားခဲ့ ပါသည်။
            ထိုသို့ တင်ပြဖော်ပြရခြင်းမှာ
ယခုခေတ်လူငယ်များနှင့်နောင်လာနောက်သားတို
့မျိုးချစ်အာဇာနည်များအကြောင်းသိရှိစေရန်၊့ခက်ခက်ခဲခဲရယူ
ထားရသည့်လွတ်လပ်ရေးကြီးကိုတန်ဖိုးထားတတ်စေရန်နှင့်ဗိုလ်ချုပ်အောင်ဆန်း၏မြင့်မြတ်သောစိတ်ဓာတ်နှင့်လုပ်ရပ်များကိုအတုယူနိုင်စေရန်တင်ပြခြင်း
ဖြစ်ပေသည်။အဲဒီခေတ်အဲဒီအခါက ဗိုလ်ချုပ်ဆုချခဲ
့သည့်ဓာတ်ပုံတွင်ပါသောဆုတံဆိပ်ကိုလည်းပြည်သူများနှင့်လူငယ်လူရွယ်များမြင်ဖူးစေချင်သောဆန္ဒ
လည်းပါ ပါသည်။ဆုတံဆိပ်သည် ယခုအထိအကောင်းပဂတိအတိုင်းရှိနေပြီး စာရွက်အချို
့မှာမှေးမှိန်စုတ်ပြဲနေပါသည်။ဘယ်လိုပဲစုတ်ပြဲနေပါစေသမိုင်းက
တော့နိုင်ငံတည်နေသ၍ကမ္ဘာတည်နေသ၍ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ရဲခေါင်းဆောင်များ
ရဲဘော်များကိုတော့မေ့ပစ်လို့ ရတော့မည်မဟုတ်သည်
မှာ ခိုင်မာသေချာသည့် အမှန်တရားပင်ဖြစ်ပါတော့သည်။ဆက်သွယ်မေးမြန်း
လေ့လာလိုပါက ဆင်ဖြူကျွန်းမြို့ ပြန်လွင့်ရပ် စွမ်းနိုင် ဖုန်း၀၉၄၀၁၅၇၁၃၈၀
သို့ လာရောက်မေးမြန်း ကြည့်ရှုနိုင်ပါသည်။
 







 
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။   

No comments:

Post a Comment