Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Wednesday 18 December 2013

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း အုပ်ဖိုမြို့နယ်နေ့စားလပေးဆရာ/ဆရာမများအားခန့်အပ်ရာတွင်ပညာရေးမှူးများအကျင့်ပျက်လတ်စားမှုများရှိနေ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

အုပ်ဖိုမြို့နယ်တွင် နေ့စားလပေးဆရာ/ဆရာမရာထူးအတွက်(
၅၅၈)ဦးဝင်ရောက်ဖြေဆိုခဲ့ပါတယ်။(၅၅၈)ဦးအနက်မှ(၅၈)ဦးသာလျှင်ရေးဖြေအောင်စာရင်းထုတ်ပြန်ခဲ့ပါတယ်။၎င်း(၅၈)ဦးအားလူတွေ့စစ်ဆေးကာ နီးစပ်ရာကျောင်းများမှာလုပ်အားပေးဆင်းခိုင်းခဲ့ပါတယ်။တလလောက်အကြာမှာခန့်အပ်ပြန်တမ်းများထုတ်ရာတွင်လုပ်အားပေးဆင်းနေသူ(၅၈)ဦးအနက်မှ(၂၄)ဦးကျန်ခဲ့ပါတယ်။ခန့်အပ်ပြန်တမ်းတွင်စုစုပေါင်း(၇၄)ဦးထုပ်ပြန်ခဲ့ပါတယ်။၎င်း(၇၄)ဦးထဲတွင်ရေးဖြေအောင်(၃၄)ဦးသာပါခဲ့ပါတယ်။ရေးဖြေမအောင်ပဲ (၄၀)ဦးအားခန့်အပ်ခဲ့ပါတယ်။မြို့နယ်ပညာရေးမှူးထံမေးမြန်းခဲ့သော်လည်း မိမိတို့မသိဘူး အထက်ကလုပ်တာပါလို့ပြန်ဖြေခဲ့ပါတယ်။အခြေခံအမှတ်(၁)ထံသွားရောက်စုံစမ်းခဲ့ရာ ရေးဖြေမအောင်ပဲအခန့်ခံလိုက်ရတဲ့သူတွေ ဟာ မိဘခန့်တွေ မိဘခန့်တွေကိုဦးစားပေးခန့်တာလို့ဆိုပါတယ်။မိဘခန့်လဲမဟုပ် ရေးဖြေလဲမအောင်ပဲအခန့်ခံလိုက်ရတဲ့သူတွေကိုပြောပြတော့ အဲဒါကိုမိမိတို့မသိဘူး အောက်ခြေကဒီစာရင်းတွေတင်ပြလာလို့ မိမိတို့ကခန့်လိုက်ရတယ်။
Title:none,Content:မြို့နယ်ပညာ
ရေးမှူးကိုခေါ်ပြီး ပြည်လထတိုင်းပညာရေးမှူးဆီသွားရှင်းလို့ပြောလိုက်ပါတယ်။
ပြည်လထပညာရေးတိုင်းမှူးကလည်းပြန်ပြောလိုက်ပြန်တယ် မိမိတို့ကတင်ပေးတိုင်းအထက်ကခန့်မှာလားတဲ့။အဲဒါဆိုအားလုံးကိုတင်ပေးပြီးပြီတဲ့။
မိဘခန့်လည်းမဟုပ်ရေးဖြေလည်းမအောင်တဲ့သူတွေကိုဆရာကြီးတို့ဘာလို့တင်ပေးလိုက်တာလဲဆိုတော့ မင်းတို့မြို့နယ်ပညာရေးမှူးကိုခွင့်လွတ်ပေးလိုက်ပါတဲ့။ သြော်တော်တော်တော့တရားတာပဲ။
မြို့နယ်ပညာရေးမှူးကိုထမ်မေးပြန်တော့လဲ ဆရာကြီးက အရင်ကလစာတွေကိုသုံးသောင်းလောက်ပဲထင်ပြီထည့်ပေးလိုက်တာပါတဲ့။
မကျေနပ်လို့ဆန္ဒထုတ်ဖော်ခွင့်တင်ပြန်တော့ မြို့နယ်အုပ်ချုပ်ရေးမှူးက မိမိရဲ့ရာထူးနဲ့ရင်းပြီးအာမခံပါတယ်တဲ့။ရေးဖြေအောင်ပြီးသားသူတွေကိုအခန့်မှာတဲ့။ဒါပေမယ့်ခုချိန်အထိတော့ဘာမှမထူး။ပညာရေးမှူးနဲ့အုပ်ချုပ်ရေးမှူးအတူတူပဲလား။
 
ပြည်သူတစ်ဦး
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment