Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ
Sunday 1 December 2013
မ​ကွေးတိုင်း မြိုင်​မြို့နယ်​ ​တောရွာ​ကျေးရွာမှ ရမ်းကုတစ်​​ယောက်​အ​ကြောင်း >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
  အရင်​အင်​တာနက်​သတင်းတွင်​ ဖတ်​လိုက်​ရ​သော ရမ်းကု `​အောင်​​ကျော်​စိုး` ဆို​သောသူမှာ
မြိုင်​မြို့နယ်​ ကြည့်​ကန်​အုပ်​စု ​တောရွာ​ကျေးရွာမှာ အမှန်​တကယ်​ပင်​ရှိ​နေပါတယ်
၎င်းသတင်းကို ကြည့်ကန်​​ကျေးရွာတွင်
နေထိုင်​​သော ကျွန်​​တော်​ တင်​တယ်​လို့​စွပ်​စွဲ​ပြောဆို​နေ​ကြတာကိုလည်း ကြားသိ​နေရပါတယ်
  ၎င်းရမ်းကုက ​`အင်​တာနက်​ တင်​တာ ဂရုမစိုက်​ဘူး` ဟူ၍တစ်​မျိုး `​ဆေးကုစား လာတာကြာပြီ`ဟူ၍တစ်​ဖုံ သတင်းလွှင့်​​နေတာဟာလည်းရယ်​စရာပင်​ဖြစ်​ပါတယ်
မိမိကိုယ်​ကိုမိမိ ဥပ​ဒေနဲ့မလွတ်​ကင်းတဲ့ အလုပ်​ကိုလုပ်​​နေမှန်း မသိချင်​​ယောင်​​ဆောင်​​နေတာ
လား သို့မဟုတ်​ သိရက်​နဲ့တမင်​လုပ်​​နေတာလား
ဆိုတာ ကာယကံရှင်​သာသိမှာပါ
ကျွန်​​တော့်​ကိုစွပ်​စွဲ လာလို့ ​ပြောရတာပါ
ကွန်​​တော်​တိုင်​ချင်​ရင်​ လွန်​ခဲ့တဲ့ ၅နှစ်​​လောက်​ကတည်းက တိုင်​ပြီးပါပြီ
အခု​တော့ without(ရမ်းကု )တစ်​​ယောက်​က
ဆရာဝန်​ တစ်​​ယောက်​ကိုစိန်​​ခေါ်တဲ့အ​ပြောအဆို
အပြုအမူ​တွေ လုပ်​လာလို့ ​ပြောရတာပါ
  `ရမ်းကု ` ဆိုတာ ဖွံ့ဖြိုးဆဲနိုင်​ငံ​တွေမှာ [မရှိမ​ကောင်း-ရှိမ​ကောင်း] ပါ
ဒါဖြစ်​ရင်​ ဒီ​ဆေးထိုး  ဒီ​ဆေး​ပေး ဆိုပြီး
အလွတ်​မှတ်​ထားကြတာကိုး ဒါမျိုးက​တော့အလယ်​တန်း​ကျောင်းသားတစ်​​ယောက်​​တောင်​လုပ်​နိုင်​ပါတယ်
ဒါ​ပေမယ့်​ ​အေ​နောက်တိုင်း​ဆေး ​တွေရဲ့
Indications ,Contraindications,
Side effects စတာ​တွေကိုမသိ​လေ​တော့
လူနာ​တွေမှာ consequent problems
တွေဖြစ်​လာတဲ့အခါ အချိန်​မီ ​ဖြေရှင်းမ​ပေးနိုင်​ရင်
အရမ်းအန္တရာယ်​များပါတယ်
  တကယ်​လို့လူနာတစ်​​ယောက်​ဟာ ရမ်းကုရဲ့
Silly Mistakes ​တွေ​ကြောင့်​expire(​သေဆုံး)ဖြစ်​သွားရင်​ လူနာကိုမှီခို​နေရ​သောမိသားစုမှာ စီးပွါး​ရေး,လူမှု​ရေး,ပညာ​ရေး
စတာ​တွေမှာ နိမ့်​ကျသွားနိုင်​ပါတယ်
ရမ်းကု ​အောင်​​ကျော်​စိုး ဟာ(30.11.13)​နေ့
အထိ တရားမဝင်​​ဆေးကု​နေတာကို​တွေ့ရပါတယ်
   ၎င်းရမ်းကုအ​နေနဲ့ ဥပ​ဒေနှင့်​မလွတ်​ကင်း​သော တရားမဝင်​​ဆေးကုခြင်းကို ဆက်​လက်
လုပ်​ကိုင်​​နေသည်​ကို ​တွေ့ရှိပါက ကျန်းမာ​ရေး
ဝန်​ကြီးဋ္ဌာန,​ဆေးသိပ္ပံပညာဦးစီးဋ္ဌာနသို့
တိုင်​ကြားသွားမည်​ဖြစ်​​ကြောင်း HWH မှတဆင့်​ သတိ​ပေးလိုက်​ပါတယ်
   BDS (Ygn)
   Ph. 09-444004010
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
1 comment:
  1. မြို့နဲ့ အဆက်အသွယ်ဝေးတဲ့ တောရွာတွေမှာတော့ ကျန်းမာရေးအတွက် ဒေါက်တာရမ်းကုဆိုသူတွေကို အားထားနေရပါသည်။ ဒေါက်တာတွေကို အားကိုးချင်တာပေါ့။ ဒါပေမဲ့ ဒေါက်တာတွေမှ မရှိတာ။ မရှိတဲ့သူကို ဘယ်လိုလုပ် အားကိုးမလဲ။ အဲဒီတော့ ရှိတဲ့သူကိုပဲ အားကိုးရတာပဲလေ။ ရေနစ်နေသူအတွက် မြက်တစ်ပင်ကလဲ အားကိုးရာပါ။ ဆင်းရဲသားတွေအတွက်က ရွေးချယ်စရာမရှိတော့ မိမိအသက်ကိုဘဲ လောင်းကြေးထပ်ရပါတယ်။ ဆင်းရဲလွန်းတော့ မြို့တက်ဆေးကုဖို့လဲ အလွန်ဝန်လေးတဲ့အလုပ်ပါ။ မဆင်းရဲဘူးသူက ဆင်းရဲသားတွေရဲ့ ဒုက္ခ ဆင်းရဲသားတွေရဲ့ အခက်ခဲ ဆင်းရဲသားတွေရဲ့ ခံစားချက်ကို မသိနိုင်လောက်ပါဘူး။ တောသားတွေလဲ အကောင်းဆုံးကို မျှော်လင့်တတ်ပါတယ်။ မျှော်လင့်ချင်ပါတယ်။ ဒါပေမယ့် ဘဝပေးအခြေနေကမှ ရွေးချယ်ခွင့်မပေးတာ။ ဒေါက်တာရမ်းကုဆိုပေမဲ့လဲ လူအမျိုးမျိုးနတ်အထွေထွေဆိုသလိုပါဘဲ။ ကောင်းသူလဲ ရှိ မကောင်းသူလဲရှိပေါ့။ ဒါပေမဲ့ သူ့အရပ်နဲ့ သူ့ဇာတ် အဆင်ပြေနေရင် ဥပေက္ခာပြုထားရဦးမှာပါ။ တောရွာတွေမှာ တကယ်အားထားထိုက်တဲ့ ဆရာဝန်တွေ မရောက်နိုင်သေးတဲ့အချိန်ထိပေါ့။
    ReplyDelete