Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Friday 20 December 2013

တာမိုးညဲကပုဂံညှပ်ကြီှးကျောင်းအုပ် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်တာမိုးညဲမြို့ရပ်ကွက(်၇)ဟိုပုန်(မူလွန်)ကျောင်းမှကျောင်း
အုပ်ဆရာဦးသိန်းနိုင်စိုးသည်လုပ်ပိုင်ခွင့်ကိုအကြိမ်ကြိမ်အလွဲသုံးစားပြု၍ကိုယ်ကျိုးရှာနေသူဖြစ်ပါသည်။
၎င်းသည်နိုင်ငံတော်မှကျောင်းသားများအားထောက်ပံ့သောထောက်ပံကြေးငွေတစ်ထောင်ကျပ်အား
၂၀၁၃ခုနှစ်(၉)လပိုင်းကကျောင်းအတွင်းတခန်းဝင်တခန်းထွက်နှင့်ကျောင်းသားများအားငွေတစ်ထောင်
စီဝေပေးပြီးကျောင်းအတွက်အလှူခံသည်ဟုဆိုကာပြန်သိမ်းလိုက်နှင့်ခေတ်သစ်ပုဂံညှပ်ကြီးလုပ်၍
ယနေ့အထိကျောင်းသားများအနေဖြင့်တပြားတချပ်မျှသုံးစွဲလိုက်ရခြင်းမရှိပဲလိမ်လည်ခံခဲ့ရပါသည်။
ထိုအပြင်၂၀၁၃ခုနှစ်(၁၀)လပိုင်ကလည်းကျောင်းအိမ်သာအနီးရှိပေ၂၀ပတ်လည်ခန့်ရှိမြေကွက်ကို
လည်းခြံနီးချင်းဖြစ်သူဦးလိရွှင်ဟောက်ထံငွေကျပ်သုံးသိန်းဖြင့်ရောင်းချခဲ့သည်မှာတစ်ရပ်ကွက်လုံး
အသိဖြစ်ပါသည်။၎င်းမှာမူလွန်ကျောင်းအုပ်ဖြစ်ရန်အရည်အချင်းမရှိပါပညာရေးမှာလည်းဆယ်တန်းပင်
မအောင်ပဲရပ်ကျော်ရွာကျော်ဖဲရိုက်ဝါသနာပါသူဖြစ်ပြီး၂၀၁၂ခုနှစ်(၅)လပိုင်းကလည်းအရက်အလွန်
အကြွံသောက်၍သွေးအန်ကာကွတ်ခိုင်မြို့နယ်ဆေးရုံတွင်ဆေးကုသမှုခံယူရသည့်အဆင့်အထိဖြစ်
ခဲ့ပါသည်။ကျောင်းရှိဆရာမများနှင့်လည်းသင့်မြတ်မှုမရှိပဲတနှစ်လျှင်တဦးကျသုံးနှစ်ဆက်တိုက်ပြဿနာ
တက်၍အမှု့ဖြစ်ဖူးပါသည်။ဝန်ထမ်းအိမ်ယာဆောက်လုပ်ရန်အလှူငွေများအားစာရင်းမပြနိုင်သောကိစ
္စများလည်းရှိပါသည်။ထိုအကြောင်းများကိုလည်းနောင်တွင်အထောက်အထားပြည့်စုံစွာဖြင့်တင်ပြရန်ကြိုး
စားနေပါသည်။ထို့ကြောင့်ပညာရေးဌာနမှအကြီးအမှုးများအနေဖြင့်စိစစ်အရေးယူပေးပါရန်တင်ပြ
အပ်ပါသည်။

ရပ်ကွက်(၇)ကျောင်းသားမိဘများနှင့်ကျောင်းကော်မတီဝင်တစ်ဦး






>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment