Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Monday 16 December 2013

မျေက်ပြဆန်တောင်းဖြစ်ရပ်မျိုးနှင့်ကြုံရတော့မည့်လွှတ်တော်၏ သိန်းတစ်ထောင်စီမံကိန်း နှင့် ဒဂုံအရှေ့မှ ၁၅၆ရပ်ကွက် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

    ရပ်ရွာဖွံ့ဖြိုးရေးတွင်သုံးစွဲ
ရန် တစ်မြို့နယ်လျင် သိန်း၁၀၀၀ နှုန်းဖြင့် ရပ်/ကျေး တစ်ခုလျင် သိန်း၅၀ထက်မပိုသောငွေ
ဖြင့် ပညာရေး ကျန်းမာရေး လူမှုဖွံ့ဖြိုးရေးအတွက် အသုံးပြုရန်လွှတ်တော်မှခွင့်ပြုပြီး ငွေများလည်းစတင်ထုတ်ပေးနေပြီဟုသိရပါသည်။ သမ္မတ၏သဘောထားကိုဆန့်ကျင်၍ပြည်သူများအတွက်အတည်ပြုခဲ့သည့်လွှတ်တော်အမတ်များကိုကျေးဇူးတင်လိုသော်လည်းလက်တွေ့တွင်အထင်နှင့်အမြင်လွဲမှးနေခဲ့ပါသည်။
    ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ၁၅၆ ရပ်ကွက်တွင် ထိုလွှတ်တော်ခွင့်ပြုငွေနှင့်လုပ်ကိုင်နိုင်ရန် ရပ်ရွာတာဝန်ရှိသူတို့ကလိုအပ်လျက်ရှိသော ရပ်ကွက်တွင်းရှိမူလတန်းကျောင်းဝင်းအားဝင်ပေါက်မုခ်ဝနှင့် ခြင်းလိပ်သံဇကာဖြင့်ကျောင်းဝင်းခတ်နိုင်ရန်ကုန်ကျစရိတ်များကိုအသေးစိတ်တွက်ချက်၍မြို့နယ်အုပ်ချုပ်ရေးမှုးထံသို့တင်ပြခဲ့ပါသည်။ကုန်ကျငွေမှာ၃၆သိန်းကျော်ကုန်ကျမည်ဖြစ်ပါသည်။သို့သော်မြို့နယ်မှတာဝန်ရှိသူ( ဗိုလ်မှူးဟောင်းဆိုသူ) ဦးမြင့်သူ ၇.၁၂.၂၀၁၃ နေ့တွင်ရောက်ရှိလာပြီး ကျောင်းရှေ့ပေ၂၀၀ခန့်သာကျောက်တုင်စိုက်၍ခြင်းလိပ်သံဇကာ ကာပေးနိုင်မည် လုပ်ငန်းကိုလည်း၎င်းတို့အစီအစဉ်ဖြင့်သာလုပ်ပေးသွားမည်ဖြစ်ပြီးကျောင်းအဝင်အထွက်မုခ်ဦးလည်းမလုပ်ပေးနိုင်ဟုပြောခဲ့ပါသည်။ဦးမြင့်သူလုပ်ပေးနိုင်မည်ဟုပြောသည့်လုပ်ငန်းခန့်မှန်းကုန်ကျစရိပ်မှာ ၂သိန်းကျပ်ခန့်သာရှိပါသည်။အရှေ့ဒဂုံဟုဆိုသော်လည်း ဖွံ့ဖြိုးမှုပိုင်းတွင်နောက်ကျနေသည့်၁၅၆ရပ်ကွက်ကဲ့သို့သောနေရာတွင်လိုအပ်သော်လည်းလုပ်မပေးနိုင်သည့်မြို့နယ်မှတာဝန်ရှိသူများတွင်မည်သို့သောအကြံအစည်များရှိမည်ကိုမသိရသော်လည်း ရပ်ကွက်နေပြည်သူများအတွက် မျောက်ပြဆန်တောင်းခံရမည့်လုပ်ရပ်ကိုလက်မခံနိုင်ပါသဖြင့် တာဝန်ရှိသူများနှင့်ပြည်သူအများသိရှိနိုင်ပါရန်ဤ နေရာမှတင်ပြလိုက်ရပါသည်


                                    ဘလုပ်မြေသား
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  

No comments:

Post a Comment