Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday 5 December 2013

မုံရွာ စက်မှုလုပ်ငန်း စည်းမျဉ်းများ အရေးမပါခြင်းများလား >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မုံရွာမြို့ သလ္လာဝတီရပ် ကမ်းနားလမ်းဘေးတစ်လျောက်၌ လိုင်စင်မဲ့ ဥပဒေမဲ့
တွင်သံဂဟေလုပ်ငန်းများ လူမြင်ကွင်းအတွင်း ပေါ်ပေါ်ထင်ထင်
လုပ်ကိုင်လျက်ရှိနေပါသည်။ မုံရွာမြို့အတွင်းရှိ မည်သည့်
စက်မှုလုပ်ငန်းမဆို စက်မှုဇုန်(၁) နှင့် (၂) အတွင်း၌ စည်းမျဉ်း
စည်းကမ်းနှင့်အညီ မှတ်ပုံတင်လျောက်ထားပြီး လုပ်ကိုင်ရမည်ဖြစ်ကြောင်း
ညွန်ကြားထားပါသည်။ စည်းမျဉ်း စည်းကမ်းများနှင့် ညီညွတ်ခြင်းမရှိသော
စက်မှုလုပ်ငန်းများ တွေ့ရှိပါက ထုတ်ပြန်ထားသော စည်းမျဉ်းများအတိုင်း
အရေးယူမည်ဖြစ်ကြောင်းပါ တစ်ပါတည်း ပါရှိပါသည်။ ထိုကဲ့သို့
စက်မှုလုပ်ငန်းများ၏ စည်းမျဉ်း စည်းကမ်းများ ထုတ်ပြန်ထားပါသော်လည်း
လိုက်နာခြင်းမရှိ အရေးစိုက်ခြင်းမရှိသည့်အလား တွင်သံဂဟေလုပ်ငန်းများအား
ယခုထက်တိုင် ဆက်လက်လုပ်ကိုင်လျက် ရှိနေကြပါသည်။ သလ္လာဝတီကမ်းနားလမ်း
ရောက်ဖူးသူတိုင်း ထိုလုပ်ငန်းများ အထင်အရှား လုပ်ကိုင်နေသည်ကို
တွေ့ဖူးပါလိမ့်မည် ။ ထိုကဲ့သို့ စည်းမျဉ်းများအတိုင်း
လိုက်နာခြင်းမပြုဘဲ လုပ်ကိုင်ဆောင်ရွက်ရဲခြင်းမှာ မည်သို့သော
အကြောင်းများကြောင့်နည်း ။ ကြေညာချက် ထုတ်ပြန်ထားသည့် တိုင်းဒေသကြီး
အစိုးရအဖွဲ့ကိုယ်တိုင် ၄င်းညွန်ကြားချက်များအတိုင်း
လိုက်နာခြင်းမပြုကြသော ထိုလုပ်ငန်းများအား မည်သည့်အတွက်ကြောင့်
အရေးယူခြင်းမရှိရပါသနည်း ။ မုံရွာမြို့အတွင်းရှိ အခြားနယ်ပယ်
လုပ်ငန်းများအတွင်း ထိုကဲ့သို့သာဖြစ်နေပါက တရားဥပဒေစိုးမိုးမှုမှာ
ယခင်အတိုင်း ဆက်လက်ရှိနေမည်ဖြစ်ကြောင်း စေတနာထားပြီး
ရေးသားလိုက်ရခြင်းဖြစ်ပါသည်။


ပြည်သူတစ်ဦး

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  

No comments:

Post a Comment