Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 7 December 2013

အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းများမှအခွန်အပြည့်အဝရရှိရေးအကြံပြုချက် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ရန်ကုန်မြို့   တောင်ဒဂုံ   မြောက်ဒဂုံ
ဒဂုံဆိပ်ကမ်း   အရှေ့ဒဂုံ   ရှိ  မြေ ကွ က်
များကို  အကျိုးဆောင်လုပ်ငန်းများ    ပွဲ
စားများမှ   အဆင့်ဆင့်အရောင်းအဝယ်
ပြုလုပ်နေကြသော်လည်း  နိုင်ငံတော်အ
တွက်တော့  အခွန်ရရှိခြင်း  မရှိပါ။
      အရောင်းအဝယ်ပြုလုပ်နေကြသည့်
ငွေရှင်များမှာသာအကျိုးအမြတ်ရရှ
ိနေပါ
သည်။အဓိကအကျိုးအမြတ်ရသည်မှာ
အမည်ပြောင်းရာတွင်  အခွန်မဆောင်ရ
သည့်  ပါမစ်မြေများသာဖြစ်ပါသည်။   ဂ
ရမ်မြေများမှာတော့  အမည်ပြောင်းပါက
အခွန်ဆောင်ပြီးမှ   ပြောင်း၍ရပါသည် ။
      ထို့ကြောင့်  ရန်ကုန်မြို့တော်စည် ပင်
အနေနှင့်  ပါမစ်မြေများကို  ဂရမ်အဖြ  စ်
ပြောင်းလဲပေးရန်လိုပါသည်။ဂရမ်ပြောင်း
ရာတွင်လည်း  ကြန့်ကြာမှုမရှိစေရန်  အ
တွက်  ဆိုင်ရာဝန်ထမ်းများကို  ကြပ်မတ်
ရန်လိုမည်ဖြစ်ပါသည်။
      ဂရမ်မြေကိုရောင်းပါကခိုင်မာမှု    ရှိ
သော်လည်း  အခွန်ကြောင့် ဈေးနိမ်ခံ ရ
လေ့ရှိပါသည်။ပါမစ်မြေနှင့်(၃၀)ရာ  ခိုင်
နှုန်းခန့်ဈေးကွာခြားပါသည်။  ထို့ကြောင့်
ပါမစ်မြေများကို  ဂရမ်မြေအဖြစ်    မဖြစ်
မနေပြောင်းလဲပေးမည်ဆိုပါက        အ
ရောင်းအဝယ်ပြုလုပ်ရာတွင်        အခွန်
ရှောင်၍မရဘဲ   သတ်မှတ်အခွန်ကို   မ
ဖြစ်မနေဆောင်ရမည်ဖြစ်ပါသည်။
      အမှန်တကယ်နေထိုင်ရန်  ဝယ်ယူ
သူများအနေဖြင့်အခွန်ဆောင်ခြင်းဖြင့်
အမည်ပြောင်းရာတွင်လွယ်ကူပြီး  စာ
ရွက်စာတမ်းအရလည်းခိုင်မာမှုရှိမည်
ဖြစ်ပါသည်။ဈေးကစားလိုသည့်ငွေရှင်
များကိုအခွန်နှင့်ချုပ်ကိုင်ထားခြင်း  ဖြင့်
အိမ်ခြံမြေဈေးအတက်ကြမ်းမှုကိုလည်း
ကာကွယ်ရာရောက်မည်ဟုယုံကြည်ပါ
သည်။
     အခွန်အပြည့်အဝရရှိရေး   အိမ်မြေ
ဈေးကိုထိမ်းချုပ်နိုင်ရေး   တို့အတွ  က်
သက်ဆိုင်ရာတာဝန်ရှိသူများမှအရေး
ယူဆောင်ရွက်နိုင်ရန်အကြံပြုအပ်    ပါ
သည်။



ရေးသားသူ****ဦးဇော်ဇောိ
နေရပ်        ****မြောက်ဒဂုံ
                         ရန်ကုန်မြို့်
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  

No comments:

Post a Comment