Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 14 December 2013

ဝေါမြို့နယ်က မြေယာမှုခင်း တွေ မြို့နယ်အဆင့် မှာစံနစ်တကျကြန့်ကြာ နေ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

   ဝေါမြို့နယ် ညောင်ခါးရှည် ကျေးရွာက ငွေရှင် ဦး ဇော်ဝင်းနဲ့ ကျေးရွာအုပ်ချုပ် ရေး
မှုးတို့ ပူး ပေါင်းပြီး လယ် မြေအပိုင်စီးမှု တွေ လုပ်ခဲ့ကြပါတယ်။ဒါ ကြောင့် နစ်နာသူ ဦး
ကျော်မျိုးလွင်နဲ့ ဦးတင် ရွှေတို့က  ကျေးရွာမှာ မြေယာမှုခင်း ဖွင့်ခဲ့ကြပါတယ်။ထင်ထား
တဲ့အတိုင်းဘဲ မြေယာဥပ ဒေနဲ့ ညီညွတ်တဲ့ အကြောင်းပြချက် ခိုင် ခိုင် မာမာမပြဘဲ ငွေ
ှရှင်ဦး ဇော်ဝင်းကို အနိုင် ပေးခဲ့ပါတယ်။
          ဒါ ကြောင့် ဦး ကျော်မင်းလွင် နဲ့၊ဦးတင် ရွှေတို့က မြေယာဥပ ဒေနဲ့အညီ မြို့နယ်
လယ်/စီအဖွဲ့ကို အယူခံဝင်ခဲ့ကြပါတယ်။လယ်ယာ မြေဥပ ဒေ အရ၊ရက်(၃၀)အတွင်း
ဆုံးဖြတ် ပေးရမှာဖြစ် ပေမဲ့ တစ်လ ကျော်ကြာတဲ့အထိ ဘာမှမလုပ်ပေးလို့မြို့နယ်အုပ်
ချုပ် ရေးမှုးရုံကို စာလဲတင် လူကိုယ်တိုင်လဲသွား မေး တော့၊မြို့နယ်အုပ်ချုပ် ရေးမှုးနဲ့
မ တွေ့ရဘဲ သူ့ထက်ကြီးတဲ့ (ပင် စင်ယူ တော့မဲ့)တစ်ရုံးလုံး ဖျောက်ဆိတ်၊စာ ရေးကြီး
ဦး အောင် ဝင်း နဲ့ဘဲ တွေ့ရပါတယ်။ဦးအောင် ဝင်း က "မင်းတို့ ရှေ့မှာ အမှု(၄၀)
လောက်ရှိတယ်၊မလုပ် ပေးနိုင် သေးဘူး " ပြောလွှတ်ပါတယ်။
          စပါး ရိတ်ချိန်ဖြစ်လို့ ရိတ်သိမ်းဖို့ ညွှန်ကြားစာထုတ် ပေးဖို့ တောင်း ဆို တော့
ကျေးရွာအုပ်ချုပ် ရေးမှုးကို လွှဲချတယ်။
အလွဲသုံးစားမှုနဲ့ အတိုင်ခံရလို့ စစ် ဆေးခံ နေရတဲ့ ကျေးရွာအုပ်ချုပ် ရေးမှုးကလဲ
ကျေးရွာအလုပ် တွေမလုပ် တော့ဘူး။အဲဒီအချိန်မှာ ငွေရှင် ဦး ဇော်ဝင်း မိန်းမက
တော့ (ဥပ ဒေနဲ့အညီ)ကိုယ်စိုက်တဲ့စပါး ကိုယ်ရိတ်မဲ့ဦးတင် ရွှေကို  မရိတ်ရဘူးဆို
ပြီး အာဏာရ အုပ်ချုပ်ရေးမှုး တစ် ယောက်လို တားမြစ် နေပါတယ်။
          အဲဒီတော့ ဝေါမြို့နယ် လယ်/စီ အဖွဲ့နဲ့ ဝါရင့် စာ ရေးကြီး ဦး အောင် ဝင်း တို့
လုပ်ရပ်ဟာ တစ်ဖက် ငွေရှင်လုပ်ချင်ရာလုပ်ဖို့ စံနစ်တကျ ဖန်တီး ပေး နေသလို
ဖြစ် နေပါတယ်။အခုဆို ညောင် ခါးရှည် ကျေးရွာမှာ အုပ်ချုပ် ရေးမဲ့ နေပါပြီ။မြို့
နယ် လယ်/စီ အဖွဲ့ကိုယ်တိုင် က မြေယာဥပ ဒေကို ဖေါက်ဖျက်ပြီး ကြန့်ကြာ အေင်
လုပ် နေတာမို့ ကာယကံရှင် တွေ အများကြီးနစ်နာ နေကြရပါတယ်။တိုင်း ဒေသ
ကြီးအစိုးရအဖွဲ့က တကယ်လယ်လုပ်နေတဲ့ လယ်သမားများ မနစ်နာရ အောင်
ဥပ ဒေနဲ့အညီဖြစ် စေဖို့ ဆောင် ရွက် ပေးပါရန် တင်ပြအပ်ပါတယ်။
          ဝေါ မြို့နယ် အုပ်ချုပ် ရေးမှုးရုံးက ပြည်သူ့လစာယူပြီး ပြည်သူအ ပေါ်တာ
ဝန်မ ကျေတဲ့ ဝန်ထမ်းတစ်ချို့ ကြောင့် မြို့နယ်အတွင်း၊ကပြည်သူ တွေ နစ်နာ
နေကြရတာမို့ အဲဒီလိုဝန်ထမ်းဆိုး တွေရဲ့ လုပ်ရပ် တွေကို ဆက်လက် ဖေါ်ထုတ်
သွားဦးမှာပါ။
ပြည်သူ့အကျိုး  ဆောင်တစ်ဦး
ဝန်ထမ်း စောင့်ကြည့် ရေးအဖွဲု့

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment