Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Friday 27 December 2013

ကျောက်တံခါး မြို့နယ်တရားသူကြီး စာချုပ်အတုကိုလက်ခံပြီး ဆင်းရဲသူမကို အိမ်ပေါ်မှနှင်ချ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

   ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်တရားသူကြီးက တရားလိုတင်သွင်းတဲ့ စာချုပ်အတုကို မစစ်ဆေးပေးဘဲ တရားလိုကိုအနိုင်ပေးပြီး ဒုက္ခရောက်နေတဲ့ ဆင်းရဲသူမမိသားစုကို နေအိမ်ကနှင်ချတဲ့အပေါ် ရွာသူရွာသားများက မခံမရပ်နိုင်ဖြစ်နေကြပါတယ်။
           ကျောက်တံခါးမြို့နယ် ဆယ့်လေးရွာကျေးရွာက လယ်လုပ်သူ မခင်မူက အရင်းအနှီးအတွက်ငွေလိုလို့ တစ်ရွာတည်းသား ကိုတင်မောင်သန်းထံက မျိုးပဲ ( ၅ )တင်းနဲ့ စိုက်စားရိတ်ငွေအနည်းငယ်ယူပြီး အတိုးအတွက်ပါပေါင်းလို့ ပဲတင်း( ၂၀ )ပေးဖို့ရှိပါတယ်။အဲဒီနှစ်က မိုးဖျက်လို့ပဲမရခဲ့ဘူး။ဒါနဲ့ မမူမူဝင်းဆီက ပဲတင်း( ၂၀ ) ယူပြီး ကိုတင်မောင်သန်းကိုပေးတယ်။မိုး
မိထားတဲ့ပဲဆိုပြီး ကိုတင်မောင်သန်းက မယူပဲ မခင်မူကိုတရားစွဲပါတယ်။တရားရုံးနဲ့ပေါင်းပြီး မခင်မူကိုအရှုံးပေးလို့ မခင်မူရဲ့ မိခင်အိမ်ကိုသိမ်းပါ
တယ်။ မတန်တဆ လျော့ ဈေးနဲ့လိုချင်လို့ အချိန်ဆွဲ
နေချိန်မှာ×××× ပဲ တင်း ၂၀ ပေးလိုက်တဲ့ မမူမူဝင်းက
မခင်မူ ကို ပဲတင်း ၂၀ တန်ဘိုးထက်ပိုတဲ့ ငွေနဲ့ တရား
စွဲပြန် ရော  တရားရုံးကို တော့ မခင်မူ လက်မှတ်နဲ့
လက် ဗွေပါတယ်ဆိုတဲ့ စာချုပ်အတု တင်သွင်းခဲ့တယ်
          မခင်မူက သူလက်မှတ်မထိုးထားတဲ့ အဲဒီစာချုပ်
ကိုစစ် ဆေး ပေးဖို့စာတင် တော့ တရားသူကြီးက" အ
မှန်အတိုင်း ဖြစ် စေရမယ် နင် ဘဲနိုင်မှာ စိတ်ချပါ "လို့
ပြောပြီး လက်မခံလိုက်ဘူး။ တောသူမ မခင်မူက
လည်းယုံကြည်ပြီး နေလိုက်တာ ပေါ့။ ။နောက်ဆုံး
တော့ ငွေရှင် "ကျေးရွာ NLD ဥက္ကဌ မမူမူဝင်းကို အနိုင်ပေးခဲ့တယ်။အဲဒီကိစ္စနဲ့ပက်သက်ပြီး မခင်မူက ( ၁.၄.၂၀၁၃ )ရက်စွဲနဲ့ တိုင်းဝန်ကြီးချုပ်နဲ့ တိုင်းတရားသူကြီးချုပ်တို့ဆီ တိုင်စာပေးပို့ခဲ့ပါတယ်။( ၂၀.၆.၂၀၁၃ )နေ့မှာ ကျောက်တံခါးမှာတင်စစ်ဆေးပြီး ဘာမှမလုပ်ပေးပါဘူး။
            ဒါကြောင့် ( ၂၀၁၃ ခုနှစ် သြဂုတ်လ )မှာ သမ္မကြီး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ ပြည်ထောင်စုတရားလွှတ်တော်တို့ကို တိုင်စာထပ်မံပေးပို့ခဲ့ပါတယ်။အဲဒီတိုင်စာကိုပို့မှဘဲ ×××× ဘာမှမစစ်စေးတော့ဘဲ အခုလာမဲ့ ( ၇.၁.၂၀၁၄ )နေ့မှာ မခင်မူကို နေအိမ်ကဆင်းပေးဖို့ အမိန့်စာပို့ထားပါပြီ။
            မေးစရာရှိတာက
စာချုပ်အတုကို ဘာလို့မစစ်ဆေးတာလဲ???
ကျောက်တံခါးမြို့နယ်မှာ ဒီလိုတရားရေးမဏ္ဌိုင် တိမ်းစောင်းနေတာ ဘယ်သူမှမတည့်ပေးနိုင်တော့ဘူးလား???
ဘယ်ဌာနကို ဘယ်စာတင်တင် ဂရုမစိုက်ဘဲ လုပ်ချင်ရာလုပ်နေကြတုံးဘဲလား???
သမ္မတကြီးရယ် ကယ်ပါဦး။ ။ ။
သူရဦးရွှေမန်းရယမ ကယ်ပါဦး။ ။ ။
အဂတိကင်းပြီး သန့်ရှင်းတဲ့အစိုးရ  ! ဆို !!!
အဂတိလိုက်စားတဲ့ ဝန်ထမ်းတွေကို အရေးယူနေတယ် ! ဆို !!!
တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ ဒို့ပြည် ဒို့မြေ ! ဆို !!!
ဆို !!! ဆို !!! ဆို !!!
တရားစီရင်ရေး မတရားမှုများကို ဆက်လက်ဖေါ်ထုတ်သွားမဲ့
ပြည်သူ့အကျိုးဆောင်တစ်ဦး
ဝန်ထမ်းစောင့်ကြည့်ရေးအဖွဲ့

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  

No comments:

Post a Comment