Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Friday 27 December 2013

ရင်ထဲကအသံ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

အခြေခံပညာမူလတန်းကျောင်းတွေမှာ ကျောင်းအုပ်အပါအဝင် ဆရာ/ဆရာမငါးဦး ခန့်ထားပေးမည်လို့ ဝန်ကြီးတစ်ဦးက သတင်းဌာနတစ်ခုကိုပြောသွားခဲ့ပါ
သည်။ပြီးခဲ့သောနှစ် ၂၀၁၂ ဇွန်လ ၉ ရက်နေ့တွင်လည်း ဘွဲ့ရအသက်၂၅နှစ်အောက်လူငယ်များအား DTEC(9/12)ဝင်ခွင့်စာမေးပွဲ မြန်မာတစ်နိုင်ငံလုံးတွင်ကျင်းခဲ့ပါသည်။၎င်းသင်တန်းအား ၂၀၁၂ ခုနှစ်သြဂုတ်လ၂၁ ရက်နေ့တွင်ဖွင့်လှစ်ခဲ့ပါသည်။  ကျွန်ုပ်သည်ထိုသင်တန်းတွင်တက်ရောက်ခဲ့သောသင်တန်းသားများအနက်မှ သင်တန်းသားတစ်ဦးဖြစ်ပါသည်။ မြန်မာတစ်နိုင်ငံလုံးတွင် ၄င်းသင်တန်းတက်ရောက်သူ ဆရာလောင်း/ ဆရာမလောင်း(ခန့်မှန်း)၂၅၀၀ကျော်တက်ရောက်သည်။ ထိုသင်တန်းမပြီးဆုံးခင်ကာလတွင် ထပ်မံ၍ ဘွဲ့ရလူငယ်များအားထပ်မံ၍  နေ့စားလပေး ဟုအမည်တပ်ကာထပ်မံခေါ်ယူပြီး DTEC (9/12)သင်တန်းမပြီးဆုံးခင်မှာပင် တာဝန်ချထားပေးခဲ့သည်။ ထိုနေ့စားလပေးဆရာ/ဆရာမများအားမူလတန်း ဆရာများအဖြစ်ခန့်အပ်လိုက်ပါသည်။ထိုနေ့စားလပေးများသည်ကျွန်တော်တို့အရင်စောစွာ အလုပ်ဝင်နေရပါသည်။ သင်တန်းကာလ တစ်နှစ်ပတ်လုံး ဒုက္ခခံလိုက်ရသော်လည်း နောက်မှပေါက်သည့်ရွှေကြာသည် အရင်ပွင့်လေပြီဟုပြောရမလိုဖြစ်နေပါသည်။ ထိုသင်တန်းတက်ရောက်ထားသော သူများမှာ ဘွဲ့လက်မှတ်နှင့် အလုပ်လက်မဲ့ဟူသောဂုဏ်ပုဒ်ကို ရင်ဝယ်ပိုက်၍ အလုပ်လက်မဲ့ ဖြစ်နေပါသည်။ ငွေကုန် လူပန်းပြီးအခုအချိန်အထိ ခန့်စာကလည်းဘာမှန်မသိ။ ကြုံရာအလုပ်ဝင်လုပ်နေကြရသော သင်တန်းဆင်းဆရာဆရာမလောင်းများမှာ ဒုနှင့်ဒေးပင်။ လူတွေက ဘာအလုပ်လုပ်လဲမေးလျှင် ကျောင်းဆရာဟု ဖြေချင်ပေမဲ့လည်း ဘယ်ကျောင်းမှာတာဝန်ကျသလဲဟုမေးလျှင်ဖြေစရာမရှိသေးသည့်အတွက် ရူးချင်ယောင်ဆောင်ခဲ့ ရတာလည်းကြာပါပြီ။  ထီပေါက်ပြီးထီလက်မှတ်ပျောက်တယ် လို့ပြောရမလိုဖြစ်နေပါသည်။ နိုင်ငံတော်အကြီးအကဲတွေ ၂၇ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအပေါ် အာရုံစိုက်နေရသဖြင့်မေ့လျော့နေလား နေ့စားလပေးဆရာများ ကိုတာဝန်ပေးထားသည့်အတွက်ပညာရေးကောလိပ်ကျောင်းဆင်းဆရာလောင်းဆရာမလောင်းများအတွက်နေရာမရှိ၍ တမင်လျစ်လျူရှူ့ထားလားဆိုတာကတော့ မေးစရာဖြစ်နေပါပြီ။
မှတ်ချက်-----မည်သည့်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုမှ မရည်ရွယ်ပါ။
၀၉၄၂၀၀၅၅၉၈၇ ​နေလင်းထွန်း
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment