Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 7 December 2013

သားဖွားဆရာမတစ်ဦး၏ခံစားချက် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ပဲခူးဒေသကြီး မင်းလှမြို့နယ် စိန်ကန့်လန့်ကျန်းမာရေးဌာနခွဲက သာဖွားဆရာမလေးရဲ့ ရင်ထဲကစကားလေးက
၁၊၊ သားဖွားဆရာမ တစ်ဦးရဲ့တန်ဖိုးက lလက်အိပ်အရှည် တစ်စုံလောက်တောင် တန်ဖိုးမရှိတော့ဘူလား။
၂။ PMCT project ရဲ့ ရည်ရွယ်ချက်က positive လူနာတိုင်းကို သာယာဝတီခရိုင်ဆေးရုံကို လွဲပြောင်းပေးရန်အတွက်ပဲလား၊
ဖြစ်စဉ်လေးကတော့
၈/၁၁/၂၀၁၃ ရက်နေ့က စိန်ကန့်လန့်ကျေးရွာမှ ကိုယ်ဝန်စောင်တစ်ဦးဟာ မင်းလှဆေးရုံမှာ မီးလာဖွားပါတယ် သွေးစစ်ဆေးတော့ HIV. Positive. ဖြစ်နေတယ် ။
မမွေးခင်သွေးမစစ်ထားလို့ဆိုပြီးပြစ်တင်ပြောဆိုမူကိုခံရပါတယ်၊
ဆရာမလေးဟာ လူနာကိ အိမ်တိုင်ရာရောက် သုံးကြိမ်တိုင်တိုင
သွေးဖေါက်ဖို့ခေါ်ခဲ့ပါတယ် ။        
လူနာကသွေးဖေါက်ဖို့လက်မခံခဲ့ပါဘူး
တာဝန်ကျ ဆရာဝန်က မိမိကိုယ်တိုင်တော့မမွေးဖွားပဲ ရပ်ကြည့်ရုံကြည့်ပြီး သားဖွားဆရာမလေးကို လက်အိပ်အတိုလေးတစုံသာပေးပြီး သူနာပြုဆရာမမျာနှင့်အတူမွေးခိုင်းပါတယ် အခြားသူနာပြုများကတော့ ခွဲခန်းဝတ်စုံအပြည့်နဲ့ပါ ။
ဆေးရုံမှဝန်ထမ်မျာသာရောဂါကူးဆက်မှာကိုကြောက်ကြသလား သားဖွားဆရာမမျာကောမကြောက်ရ တော့ဘူးလား
ဝန်ထမ်းအချင်းချင်းစာနာမူမရှိတောဘူလား၊ ပြည်သူမျာအပေါ်ဆက်ဆံရေးကတော့ဆိုဘွယ်ရာမရှိတောပါ၊ ဆေးရုံဝန်ထမ်းမျာရဲ့ဆက်ဆံရေးက မပြောင်းသေးပါ။
အခုတော့ဆရာမလေးက အလုပ်အပေါ်စိတ်နာပြီး ထွက်တော့မယ်လိုပြောပါတယ်။

ပြည်သူတစ်ဦး

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  

No comments:

Post a Comment