Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 2 November 2013

ဘယ်​သူ လိမ်​​တာလဲ? >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ကျွန်​​တော်​ဟာ​ကျောက်​ဖြူမြို့​ရေနံနဲ့သဘာဝဓာတ်​​ငွေ့ထုတ်​လွှတ် ​​နေတဲ့Daewoo international (shwe project )မှာMobile crane​ ​မောင်း ​နေသူပါ.ကျွန်​​တော့်​မှာ International license လည်းရှိပါတယ်​.ကျွန်​​တော့်​ရဲ့ကြားခံ company က United Engineering {UE}ပါ.ကျွန်​​တော့်​အလုပ်​လုပ်​ချိန်​ကမနက်​၆နာရီက​နေည​နေ၆နာရီထိပါ..၂၈ရက်​အလုပ်​ဆင်းပြီး၂၈ရက်​နားခွင့်​ရပါတယ်​.အလုပ်​ဆင်းတဲ့ရက်​မှာတရက်​ကိုUS$20နဲ့site allowance $10ရပြီး.နားတဲ့ရက်​မှာတရက်​ကို$20ရပါတယ် ​..တရက်​မှာDaewooက project manager Mr    နဲ့စကားစပ်မိ​တော့Daewoo ကCrane operator တ​ယောက်​ကိုတရက်​လုပ်​ခUS$350 ​ပေးထားတယ်​လို့ ​ပြောတယ်​.ကျွန်​​တော်​ရ​နေတာကတရက်​မှ$20ထဲ​လေ..ဒါနဲ့ကျွန်​​တော်​UEက director ဦး​ဇော်​မင်းနဲ့ General manager ဦးခင်​​ဇော်​တို့နဲ့လစာကိစ္စညှိနှိုင်းပါတယ်​.သူတို့နှစ်​ဦးကငြင်းပါတယ်​Daewooကအဲ့ဒီ​လောက်​မ​ပေးထားပါဘူးတဲ့.တကယ်​လို့​ပေးထားခဲ့ရင်​လုပ်​ခလစာအပြည့်​အဝခံစားခွင့်​​ပေးမယ်​လို့​ပြောပါတယ်​.ကြားကသူတို့တပြားမှမစားထားဘူးလို့လည်ျးပြာပါတယ်​.ကိုယ်​လိုချင်​တာကိုယ့်​ဟာကိုယ်​​တောင်း.Daewoo က​ပေးလို့​ပြောရင်​သူတို့ဘက်​က​ပေးတယ်​တဲ့..ဘယ်​သူညာ​နေတာလဲဗျာ....
- 
ကျော်​သီဟ {Hp..0973247110}

 >>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment